ဆန်းဒါးလန်းနှင့်ပွဲတွင် ခံစစ်ပိုင်းကို ယာယီကစားကွက်ဖြင့် ယှဉ်ပြိုင်မည်ဟု ဗန်ဟားလ်ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
489972130
သတင်းစာရှင်းလင်းပွဲတွင်တွေ့ရသည့် ဗန်ဟားလ်

မန်ယူအသင်းမှာ စနေနေ့တွင်ကစားမည့် ဆန်းဒါးလန်းနှင့်ပွဲတွင် ဘယ်နောက်ခံလူနေရာ၌ တံကောက်ကြောဒဏ်ရာရရှိနေသော ရိုဟိုမပါဝင်နိုင်သည့်အတွက် ၎င်း၏နေရာတွင် အစ်ဝစ်ခ်ျနှင့်ကစားခဲ့သည့်ပွဲစဉ်ကဲ့သို့ပင် ကွင်းလယ်လူအက်ရှ်လေယန်းကို ထည့်သွင်းအသုံးပြုဖွယ်ရှိကြောင်းသိရှိရသည်။

ထို့အပြင် အခြားသောနည်းလမ်းအဖြစ် ဒါမီယန်နှင့် ဗလင်စီယာတို့ကိုလည်း ဘယ်တောင်ပံခံစစ်နေရာတွင် ထည့်သွင်းအသုံးပြုနိုင်ကြောင်းသိရှိရပြီး ဒါလေဘလိုင်းကိုမူ ဗဟိုခံစစ်တွင်သာ အသုံးပြုရန်ပြင်ဆင်ထားကြောင်း သိရသည်။

ဒဏ်ရာရနောက်ခံလူများနှင့်ပတ်သက်၍ ဗန်ဟားလ်က ”ဘယ်သန်ကစားသမားတွေဖြစ်တဲ့ လုခ်ရှောနဲ့ ရိုဟိုတို့ဒဏ်ရာရနေတာက ကျွန်တော့်အတွက် ပြဿနာဖြစ်စေပါတယ်။ ကျန်ကစားသမားတွေကို အပြောင်းအလဲလုပ်ခဲ့လို့လည်း ဘယ်သန်ကစားသမားဖြစ်တဲ့ ဘလိုင်းအနေနဲ့ပွဲချိန်ပြည့်ကစားနိုင်ခဲ့တာပါ။ စမောလင်းကတော့ ပွဲချိန်ပြည့်ကစားနိုင်သလို လူစားလဲဖို့ ဖီးလ်ဂျုံးစ်လည်းရှိနေပါတယ်။ နောက်ပြီး မာတာအတွက်ကလည်း စိုးရိမ်စရာမလိုပါဘူး။ ဒါပေမဲ့ ဘလိုင်းနေရာကို အစားထိုးဖို့မလုပ်နိုင်တာက ဘယ်သန်ကစားသမားတွေဒဏ်ရာရနေလို့ပါပဲ”ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!