စပါးနှင့်ပွဲတွင် မန်စီးတီးအသင်းခေါင်းဆောင်ကွန်ပနီ ကြံ့ခိုင်မှုအပြည့်ဖြင့် ပြန်လည်ပွဲထွက်မည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
488333150
ဂျူဗင်တပ်နှင့်ချန်ပီယံလိဂ်ပွဲစဉ်တွင်တွေ့ရသည့် ကွန်ပနီ

မန်စီးတီးအသင်းနည်းပြပယ်လီဂရီနီက စပါးနှင့်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်းခေါင်းဆောင်ကွန်ပနီ ကြံ့ခိုင်မှုအပြည့်ဖြင့် ပြန်လည်ပွဲထွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါဗဟိုခံစစ်မှူးမှာ တံကောက်ကြောဒဏ်ရာကြောင့် မန်စီးတီးကစားခဲ့သည့် နောက်ဆုံး ၂ ပွဲကိုလွဲချော်ခဲ့ပြီးနောက် ကြံ့ခိုင်မှုအပြည့်ဖြင့် ပြန်လည်ကစားရန်အသင့်ဖြစ်နေကြောင်း သိရသည်။

စပါးနှင့်ယှဉ်ပြိုင်မည့် မန်စီးတီးအသင်းတွင် မန်ဂါလာ၊ ကလစ်ချီ၊ ဒီလပ်၊ ဒေးဗစ်ဆေးလ်ဗားနှင့် ဘိုနီတို့မှာ ဒဏ်ရာပြဿနာများနှင့်ကြုံတွေ့နေရသောကြောင့် ပွဲထွက်နိုင်မည့်အခြေအနေမရှိသည့်ကာလတွင် ကွန်ပနီပြန်လည်ပါဝင်နိုင်ခြင်းမှာ နည်းပြပယ်လီဂရီနီအတွက် အားတက်စရာဖြစ်ခဲ့သည်။

ပယ်လီဂရီနီက ”ကွန်ပနီပြန်ကစားနိုင်တာဟာ အသင်းအတွက် အလွန်အရေးကြီးတဲ့ကိစ္စပါပဲ။ သူဟာ အသင်းခေါင်းဆောင် တစ်ယောက်ဖြစ်သလို အလွန်အရေးပါတဲ့ ဂိုးတွေသွင်းယူပေးတတ်သူပါ။ မှတ်တမ်းတွေက ကျွန်တော့်အတွက် အရေးမကြီးပါဘူး။ ကျွန်တော်တို့အနေနဲ့ စပါးကို အနိုင်ကစားနိုင်ဖို့လိုပါတယ်။ အဲဒါကမှ အရေးကြီးတဲ့အချက်ပါ။ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်ရှိနေဖို့အတွက် ၃ မှတ်ရရှိဖို့ကိုပဲ အာရုံစိုက်ထားပါတယ်”ဟု ပြောကြားခဲ့သည်။

နောက်ဆက်တွဲသတင်းတစ်ရပ်မှာ မန်စီးတီးကွင်းလယ်လူ ဒီဘရူနီက အသင်းတွင်ထင်ပေါ်ကျော်ကြားသည့် ကစားသမားအဖြစ်ရပ်တည်ရန်ဆန္ဒမရှိကြောင်းနှင့် အေးဆေးသောဘ၀တစ်ခုတွင်သာ နေထိုင်လိုကြောင်း ပြောကြားခဲ့သည်။

၎င်းက ”ကျွန်တော် ထင်ပေါ်ကျာ်ကြားတဲ့သူမဖြစ်ချင်ပါဘူး။ အကောင်းဆုံးကစားနိုင်တဲ့သူပဲဖြစ်ချင်ပါတယ်။ ကျွန်တော်အသင်းခေါင်းဆောင်လည်းမဖြစ်ချင်ပါဘူး။ အ၀တ်လဲခန်းမှာ အော်ဟစ်မပြောဆိုတတ်သလို အပြင်မှာလည်း ဒီအတိုင်းပါပဲ။ အဲဒီပုံစံက ကျွန်တော်နဲ့ မကိုက်ပါဘူး။ ကျွန်တော်နှစ်သက်တာက မိသားစုနဲ့အတူ အေးအေးဆေးဆေးနေထိုင်သွားဖို့ပါပဲ”ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!