အင်္ဂလန်နည်းပြရာထူးနှင့်ပတ်သက်၍ မေးမြန်းမှုကို ဂွါဒီယိုလာရှောင်လွှဲခဲ့
|
ဘိုင်ယန်မြူးနစ်နည်းပြဂွါဒီယိုလာသည့် ယနေ့ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များက အင်္ဂလန်နည်းပြရာထူးနှင့်ပတ်သက်၍ မေးမြန်းမှုကို ရှောင်ထွက်ခဲ့ကြောင်းသိရှိရသည်။
ဘိုင်ယန်မြူးနစ်နှင့် ဂွါဒီယိုလာတို့ ချုပ်ဆိုထားသည့် စာချုပ်မှာ ယခုနှစ်နွေရာသီတွင်ကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သက်တမ်းတိုးရန်လိုအပ်နေသည့်အချိန်တွင် အဆိုပါနည်းပြက အနာဂတ်နှင့်ပတ်သက်၍ ပြောကြားရန်ဆန္ဒမရှိခဲ့ကြောင်း သိရသည်။
ဂွါဒီယိုလာကိုခေါ်ယူရန် မန်စီးတီးအသင်းမှ ဆက်သွယ်မှုများရှိနေကြောင်းသိရပြီး အင်္ဂလန်နည်းပြ ရွိုင်းဟော့ဆန်နေရာတွင်လည်း ၎င်းနှင့်အစားထိုး၍ အောင်မြင်မှုရယူရန်ပြင်ဆင်နေကြောင်း သတင်းထွက်ပေါ်ခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းမှုများရှိခဲ့သည့်အပေါ် ရှောင်ထွက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲမှာ ဘိုင်ယန်မြူးနစ်၏ အပတ်စဉ်ပွဲမတိုင်မီကျင်းပလေ့ရှိသော ပွဲကြိုသတင်းစာရှင်းလင်းပွဲဖြစ်ပြီး ဂွါဒီယိုလာက ”လာခဲ့ကြပါ။ ကျွန်တော်က ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြပါပဲ။ ကျေးဇူးအများကြီးတင်ပါတယ်”ဟု ပြောကြားခဲ့ပြီးနောက် သတင်းထောက်များမှ ယူရို-၂၀၁၆ ပြိုင်ပွဲဝင်မည့် အင်္ဂလန်အသင်း၏ နည်းပြရာထူးအပါအ၀င် အနာဂတ်နှင့်ပတ်သက်သောမေးခွန်းများ မေးမြန်းခဲ့ရာ ၎င်းက ”ကျေးဇူးပြုပြီး နောက်မေးခွန်းတစ်ခုမေးပါ” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
ဘိုင်ယန်မြူးနစ်ဘက်မှ နည်းပြဂွါဒီယိုလာကို စာချုပ်သစ်ကမ်းလှမ်းရန် သွေးအေးနေသော်လည်း အဆိုပါကာတာလန်လူမျိုးနည်းပြဘက်မှ သက်တမ်းတိုးရန်ကမ်းလှမ်းပါက အဆင်သင့်အခြေအနေတွင်ရှိကြောင်း သိရှိရသည်။
Next : ၂၀၂၂ ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲအား နိုဝင်ဘာတတိယပတ်အတွင်း ကျင်းပမည်