နည်းပြ ဂါစီယာနေရာ အန်စလော့တီနှင့် အစားထိုးရန် ရိုးမားဥက္ကဋ္ဌ ဆန္ဒရှိနေ
|
ရိုးမားအသင်းဥက္ကဋ္ဌပါလော့တာသည် စွမ်းဆောင်ရည်ကျဆင်းနေသည့် အသင်းနည်းပြဂါစီယာ၏နေရာတွင် အီတလီထိပ်သီးနည်းပြအန်စလော့တီဖြင့် အစားထိုးရန်ဆန္ဒရှိနေကြောင်း၊ လာမည့် ၃ ပွဲတွင် ရလဒ်ကောင်းမရရှိခဲ့ပါက နည်းပြအပြောင်းအလဲဖြစ်လာနိုင်ကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။
နည်းပြဂါစီယာသည် စီးရီးအေပြိုင်ပွဲတွင် ရှုံးပွဲ ၁ ပွဲသာရှိထားပြီး ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်တွင် ဘာစီလိုနာအသင်းကို သရေကစားထားနိုင်ခဲ့သော်လည်း အသင်းဥက္ကဋ္ဌအနေဖြင့် ရလဒ်ကောင်းပိုမိုရရှိရန် မျှော်လင့်နေခြင်းဖြစ် ကာ နည်းပြသစ်ပြောင်းလဲတာဝန်ပေးရန် ဆန္ဒရှိနေခြင်းဖြစ်သည်။
အသင်းဥက္ကဋ္ဌပါလော့တာအနေဖြင့် နည်းပြဂါစီယာအား ကာပီ၊ ပါလာမို၊ ဘိုရီဆော့ဗ်အသင်းတို့နှင့်ပွဲစဉ်များတွင် ရလဒ်ကောင်းမရရှိခဲ့ပါက လမ်းခွဲမည်ဖြစ်ကြောင်း သတိပေးထားကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။
ရိုးမားအသင်းသည် နည်းပြဂါစီယာနှင့် ၂၀၁၈ အထိ စာချုပ်ချုပ်ဆိုထားခဲ့သည့်အတွက် ရာထူးမှထုတ်ပယ်ခဲ့ပါက စာချုပ်လျော်ကြေးအဖြစ် ယူရို ၁၇ သန်းခန့် ပေးချေရဖွယ်ရှိနေသည်။
Next : အင်္ဂလန်နည်းပြရာထူးနှင့်ပတ်သက်၍ မေးမြန်းမှုကို ဂွါဒီယိုလာရှောင်လွှဲခဲ့