ဒူးဒဏ်ရာရနေသော ဘန်ဖော်စတာ ဒီဇင်ဘာလအထိ အနားယူရဦးမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
488618928
ဝက်စ်ဘရွန်းပထမအသင်းဓာတ်ပုံရိုက်စဉ်ကတွေ့ရသည့် ဖော်စတာ

ဝက်စ်ဘရွန်းနှင့် အင်္ဂလန်လက်ရွေးစင်ဂိုးသမားဘန်ဖော်စတာ၏ ဒူးဒဏ်ရာမှာ သက်သာခြင်းမရှိသဖြင့် ဒီဇင်ဘာလအထိ အနားယူရမည်ဖြစ်ကြောင်းသိရှိရသည်။

အသက် ၃၂ နှစ်ရှိအဆိုပါဂိုးသမားမှာ ပြီးခဲ့သည့်မတ်လတွင် ဒူးအရွတ်စုတ်ပြဲသည့်ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ပြီး လာမည့်အောက်တိုဘာလတွင် ပြန်လည်ကောင်းမွန်မည်ဟု မျှော်လင့်ထားသော်လည်း သက်သာခြင်းမရှိသောကြောင့် ဒီဇင်ဘာလအထိ ထပ်မံအနားယူရမည်ဖြစ်သည်။

ဝက်စ်ဘရွန်းနည်းပြ တိုနီပူးလစ်က ဘန်ဖော်စတာ၏ ဒဏ်ရာနှင့်ပတ်သက်၍ ”ခရစ္စမတ်ကာလလောက်ရောက်မှ ပြန်လာနိုင်မယ်ထင်တယ်။ ကျွန်တော်တို့ အကောင်းဆုံးဂရုစိုက်မှုတွေပြုလုပ်ထားပါတယ်။ အခုအချိန်က သူ့အတွက် ပြဿနာတွေရှိနေပါသေးတယ်။ ခရစ္စမတ်ကာလရောက်ရင် သူကစားနိုင်ဖို့ ကျွန်တော်တို့ ဆုတောင်းပေးနေပါတယ်”ဟု ပြောကြားခဲ့သည်။

ဘန်ဖော်စတာမှာ လာမည့်ယူရို-၂၀၁၆ပြိုင်ပွဲတွင် အင်္ဂလန်လက်ရွေးစင်အသင်းနှင့်ပြန်လည်ပါဝင်ရန် မျှော်လင့်ထားကြောင်းသိရှိရပြီး ၀က်စ်ဘရွန်းနည်းပြတိုနီပူးလစ်ကလည်း အဆိုပါပြိုင်ပွဲမတိုင်မီ ကလပ်အသင်းအတွက် ပြန်လည်ပွဲထွက်နိုင်မည်ဟု ထင်မြင်ကြောင်းကို ”၀က်ဘရွန်းအတွက် ကြံ့ခိုင်မှုအပြည့်နဲ့ကစားနိုင်မှ အင်္ဂလန်အတွက်လည်း ယူရိုပြိုင်ပွဲမှာ လက်စွမ်းပြနိုင်ပါလိမ့်မယ်”ဟု ဆိုခဲ့သည်။

comments

error: Content is protected !!