ချန်ပီယံဆုအတွက် အောက်တိုဘာလပွဲစဉ်များက အဆုံးအဖြတ်ပေးနိုင်ကြောင်း ရီးရဲလ်နည်းပြဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
MADRID, SPAIN - SEPTEMBER 25:  Head coach Rafael Benitez of Real Madrid attends a press conference at Valdebebas training ground on September 25, 2015 in Madrid, Spain.  (Photo by Angel Martinez/Real Madrid via Getty Images)
သတင်းစာရှင်းလင်းပွဲမှ ဘင်နီတက်ဇ်

ရီးရဲလ်နည်းပြဘင်နီတက်ဇ်က ရှုံးပွဲမရှိရလဒ်ဖြင့် အမှတ်ပေးဇယားအားဦးဆောင်နိုင်နေသော်လည်း ချန်ပီယံဆုအတွက် မသေချာသေးကြောင်း၊ အောက်တိုဘာလအတွင်းယှဉ်ပြိုင်ရမည့်ပွဲစဉ်များမှာ ချန်ပီယံဆုအတွက်အဆုံးအဖြတ်ပေးမည့်ပွဲစဉ်များ ဖြစ်လာနိုင်ကြောင်း ၀န်ခံပြောကြားသွားခဲ့သည်။

လာလီဂါပွဲစဉ် ၅ အပြီး ရမှတ် ၁၃မှတ်ဖြင့်အမှတ်ပေးဇယားအားဦးဆောင်နေသည့် ရီးရဲလ်အသင်းသည် အောက်တိုဘာလအတွင်း အက်သလက်တီကို၊ လီဗန်တေး၊ ဆယ်တာဗီဂိုအသင်းများနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည့်အတွက် အမှတ်ပေးဇယားရပ်တည်မှုအပြောင်းအလဲဖြစ်ပေါ်လာနိုင်၍ နည်းပြဘင်နီတက်ဇ်မှ ယခုကဲ့သို့သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

“အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတယ်ဆိုပေမယ့် ဖိအားဒဏ်တော့မရှိပါဘူး။ ရလဒ်ကောင်းဖို့အတွက်ပဲ အာရုံစိုက်နေကြတာပါ။ ဒါပေမဲ့ အောက်တိုဘာလအတွင်းကစားရမယ့် ပြိုင်ဘက်တွေက ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပေးနိုင်မယ်လို့ ထင်ပါတယ်။ အမှတ်ပေးဇယားအပြောင်းအလဲဖြစ်လာနိုင်တဲ့အတွက် ပိုပြီးအာရုံစိုက်ကစားရမှာပါ။ ပွဲကျပ်ကာလအတွင်း ဂါရတ်ဘေးလ်၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့ အသင်းအတွက်ပြန်ကစားနိုင်ဖို့ အရေးကြီးပါတယ် ” ဟု နည်းပြဘင်နီတက်ဇ်က ဆိုခဲ့သည်။

comments

error: Content is protected !!