အောင်ဆန်းဒိုင်း ဗိုလ်လုပွဲ လက်မှတ် အထူးတန်း ၁ဝဝဝ၊ ရိုးရိုးတန်း ၅ဝဝ သတ်မှတ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
10313062_980362841983036_6034439602409683642_n
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ပေးအပ်ချီးမြှင့်သွားမည့်အောင်ဆန်းဒိုင်း။

ရန်ကုန်၊စက်တင်ဘာ ၂၅။

အောင်သော်ဖြိုး။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြီးမှူး ကျင်းပသည့် ၂ဝ၁၅ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ပြိုင်ပွဲ ဗိုလ်လုပွဲကို စက်တင်ဘာလ ၂၅ရက်နေ့ ညနေ ၄နာရီတွင် ရတနာပုံ အသင်း နှင့် ဧရာဝတီ အသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး လက်မှတ်ဈေးနှုန်းများ အဖြစ် အထူးတန်း ၁ဝဝဝကျပ်၊ ရိုးရိုးတန်း ၅ဝဝကျပ် သတ်မှတ်ထားကြောင်းမြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်သည်။

ဧရာဝတီအသင်းသည် ဆီမီးဖိုင်နယ်တွင် ရခိုင်ယူနိုက်တက်  နှင့်  တွေ့ဆုံခဲ့ပြီး နှစ်ကျော့ပေါင်း ၃-ဝဖြင့်အနိုင်ရ ထားကာရတနာပုံအသင်းသည် မကွေးအသင်း နှင့်တွေ့ဆုံခဲ့ပြီး နှစ်ကျော့ပေါင်း ၈-ဝ ဖြင့် အနိုင်ရကာ ဗိုလ်လု ပွဲသို့တက်ရောက်လာခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဘောလုံးပြိုင်ပွဲ ဂိုးသွင်းအများဆုံး စာရင်းတွင် ဧရာဝတီအသင်းမှ Riste နှင့် ရတနာပုံအသင်းမှ Keith  တို့က ၇ဂိုးဆီဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေပြီး ရတနာပုံမှ ယွန်းက ၄ဂိုး၊ မက်ဆီမန် နှင့် အောင်သူတို့မှ ၂ဂိုးဆီအသီးသီး သွင်းယူထားသည်။

၂၀၁၅ အောင်ဆန်းဒိုင်းချန်ပီယံအသင်းသည်ဆုငွေကျပ်သိန်း၃ဝဝနှင့်၂၀၁၆အေအက်ဖ်စီ ပြိုင်ပွဲကိုလည်းဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ဒုတိယဆုရရှိသောအသင်းကိုကျပ်သိန်း ၁၅၀၊ဆီမီး ဖိုင်နယ် တက်ရောက်နိုင်ခဲ့သော ရတနာပုံ၊ ဧရာဝတီ ယူနိုက်တက်၊ရခိုင်ယူနိုက်တက်နှင့် မကွေးအသင်းတို့သည် ကျပ် ၇၅ သိန်းစီအသီးသီး ချီးမြှင့်မည်ဖြစ်သည်။

အဆိုပါပွဲစဉ်ကို မြ၀တီရုပ်သံchannel (3)ခုဖြစ်သည့် MWD,MWD Variety နှင့် MWD Variety တို့မှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်းသိရသည်။

comments

error: Content is protected !!