လက်စ်ပါးမက်စ်နှင့် ပွဲစဉ်တွင် ဘာစီလိုနာနောက်ခံလူ ဂျော်ဒီအယ်လ်ဘာ ပြန်လည်ပါဝင်ကစားနိုင်မည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
489538546
ရိုးမားနှင့်ချန်ပီယံလိဂ်ပွဲစဉ်က ဂျော်ဒီအယ်လ်ဘာ၏ကစားဟန်

တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရသည့် ဘာစီလိုနာနောက်ခံလူ ဂျော်ဒီအယ်လ်ဘာသည် အသင်းလေ့ကျင့်ရေးအစီအစဉ်များတွင် ပြန်လည်ပါဝင်နိုင်ခဲ့ပြီဖြစ်၍ တန်းတက်လက်စ်ပါးမက်စ်နှင့် ပွဲစဉ်တွင် အသင်းအတွက် ပြန်ကစားပေးနိုင်တော့မည်ဖြစ်ကြောင်း နည်းပြအန်းနရစ်က အတည်ပြုပြောကြားခဲ့သည်။

နောက်ခံလူဂျော်ဒီအယ်လ်ဘာအနေဖြင့် စက်တင်ဘာပထမပတ်အတွင်းက ဘာစီလိုနာ-ဘီအသင်းနှင့်အတူလေ့ကျင့်မှုများပြန်လည်ပြုလုပ်နိုင်ခဲ့ပြီး အသင်းကြီးအတွက် ပြန်လည်ကစားနိုင်ရန်အသင့်ဖြစ်နေပြီဟု လူငယ်အသင်းနည်းပြများက အတည်ပြုခဲ့ခြင်းဖြစ်သည်။

လက်ရှိချန်ပီယံဘာစီလိုနာအသင်းသည် ဆယ်တာဗီဂိုအား အရေးနိမ့်ခဲ့ပြီးနောက် အမှတ်ပေးဇယားအဆင့် ၅ နေရာသို့ ဆင်းပေးခဲ့ရသည့်အတွက် နည်းပြအန်းနရစ်က အမှတ်ပေးဇယားအား ဦးဆောင်နေသည့် အဓိကပြိုင်ဘက်ရီးရဲလ်အသင်းနှင့်အမှတ်ကွာဟမှုမရှိစေရန် ပွဲစဉ်တိုင်းအာရုံစိုက်ရမည်ဖြစ်ကြောင်း၊ တန်းတက်လက်စ်ပါးမက်စ်နှင့်ပွဲစဉ်တွင် နိုင်ပွဲပြန်လည်ရရှိရန်အရေးကြီးကြောင်း အသင်းသားများအားသတိပေးပြောကြားထားသည်။

comments

error: Content is protected !!