ချန်ပီယံဆုအတွက် ပွဲစဉ် ၃၀ အထိ အာရုံစိုက်ရမည်ဖြစ်ကြောင်း အင်တာမီလန်အသင်းပိုင်ရှင် သတိပေး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
479349918
အင်တာမီလန်နည်းပြနှင့်အတူတွေ့ရသည့် အဲရစ်သိုဟာ(၀ဲ)

၂၀၁၅-၁၆ ဘောလုံးရာသီ အီတလီစီးရီးအေပွဲစဉ် ၅ အပြီး ရာနှုန်းပြည့်နိုင်ပွဲရရှိထားသည့် အင်တာမီလန်အသင်းဥက္ကဋ္ဌဖြစ်သူ အဲရစ်သိုဟာက အသင်း၏ခြေစွမ်းနှင့် ရလဒ်အပေါ်ကျေနပ်အားရမိကြောင်း၊ ချန်ပီယံဆုရရှိရန်အတွက် ပွဲစဉ် ၃၀အထိ အာရုံစိုက်ကစားနိုင်မှ အောင်မြင်မှုရရှိနိုင်မည်ဖြစ်ကြောင်း အသင်းသားများအားသတိပေးပြောကြားခဲ့သည်။

အင်တာမီလန်အသင်းသည် ဗီရွန်နာအသင်းနှင့်ပွဲစဉ်တွင် နိုင်ပွဲထပ်မံရရှိခဲ့ပြီး အဓိကပြိုင်ဘက်အသင်းတစ်သင်း ဖြစ်သည့် ရိုးမားအသင်း ရှုံးပွဲကြုံတွေ့ခဲ့ခြင်းကြောင့် အမှတ်ပေးဇယားအား ဆက်လက်ဦးဆောင်နိုင်ခဲ့ကာ ဒုတိယနေရာမှ ဖီအိုရင်တီးနားအသင်းအား ၃ မှတ်ဖြတ်ထားနိုင်ခဲ့သည်။

“နိုင်ပွဲတွေနဲ့အတူ ချန်ပီယံဆုအတွက် ဆက်လက်ခရီးဆက်နေဆဲပါ။ ပွဲစဉ် ၅ ပြီးတဲ့အထိ တိုက်ပွဲဝင်စိတ်ဓါတ်အပြည့်ရှိနေတဲ့အတွက် ကျေနပ်အားရမိပါတယ်။ ကွင်းလယ်လူ မယ်လို၊ အိုင်ကာဒီ၊ ဂွါရင်၊ ဂျိုဗီတစ် အစရှိတဲ့ ကစားသမားစုဖွဲ့မှုက ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။ ဒါပေမဲ့ ချန်ပီယံဆုအတွက် လာမယ့် ပွဲစဉ် ၃၀ အထိ ဆက်လက်အာရုံစိုက်ရဦးမှာပါ” ဟု အင်တာမီလန်အသင်းဥက္ကဋ္ဌ အဲရစ်သိုဟာက အသင်းသားများအား သတိပေးပြောကြားခဲ့သည်။

အင်တာမီလန်အသင်းသည် အီတလီစီးရီးအေချန်ပီယံဆုရရှိခဲ့သည့် ၂၀၀၆-၀၇ ဘောလုံးရာသီတွင်လည်း ယခုကဲ့သို့ ရာသီအစပွဲစဉ်များတွင် ရလဒ်ကောင်းများရရှိခဲ့သဖြင့် ချန်ပီယံဆုရရှိမည့်အသင်းတစ်သင်းအဖြစ် ရေပန်းစားလျက်ရှိသည်။ လက်ရှိချန်ပီယံ ဂျူဗင်တပ်အသင်းမှာ  တန်းတက် ဖရိုဆီနိုနီအသင်းနှင့်ပွဲစဉ်၌ သရေရလဒ်သာထွက်ပေါ်ခဲ့ခြင်းကြောင့် ပွဲစဉ် ၅ အပြီး အဆင့် ၁၃ နေရာတွင်ရပ်တည်လျက် ရှိနေသည်။

comments

error: Content is protected !!