အသင်းသို့ပြန်ရောက်လာသည့် ရာမီရက်ဇ်ကို ဆောက်သမ်တန်နည်းပြ ကြိုဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
489685512
MK ဒွန်းစ်ဘက်သို့ထိုးဖောက်နေသည့် ရာမီရက်ဇ်(လယ်)

ပြီးခဲ့သည့်ဘောလုံးရာသီက ဟူးလ်စီးတီးသို့ အငှားဖြင့်သွားရောက်ကစားနေသော တိုက်စစ်မှူးရာမီရက်ဇ်မှာ စာချုပ်သက်တမ်းကုန်ဆုံး၍ ဆောက်သမ်တန်သို့ ပြန်ရောက်လာသည့်အပေါ် နည်းပြရော်နယ်ကိုးမန်းက ကြိုဆိုခဲ့ပြီး အသင်းစီမံကိန်းတွင် ပါဝင်သူဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသက် ၂၄ နှစ်ရှိ အဆိုပါ ဥရုဂွေးတိုက်စစ်မှူးမှာ ၂၀၁၂ ခုနှစ်တွင် ပြောင်းရွှေ့ကြေး ပေါင် ၁၂ သန်းဖြင့် ဘိုလော့နာမှ ဆောက်သမ်တန်သို့ရောက်ရှိခဲ့သူဖြစ်ပြီး ဟူးလ်စီးတီးအသင်း၌ အငှားဖြင့် ၁၃ လကြာ သွားရောက်ကစားခဲ့ရသူဖြစ်သည်။

ရာမီရက်ဇ်ပြန်လည်ရောက်ရှိလာခြင်းနှင့်ပတ်သက်၍ နည်းပြကိုးမန်းက ”သူဟာ အသင်းရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ လေ့ကျင်းခန်းကောင်းကောင်းဆင်းပြီး စောဒကမတက်ဘဲ စည်းကမ်းလိုက်နာသူတစ်ဦးဖြစ်ပါတယ်။ ဒါတွေက ကျွန်တော်ကြိုက်တဲ့အချက်ပါပဲ”ဟု ပြောကြားခဲ့သည်။

အဆိုပါတိုက်စစ်မှူးမှာ ၂၀၁၄-၁၅ ဘောလုံးရာသီတွင် ဆောက်သမ်တန်အတွက် နောက်ဆုံးပွဲအဖြစ် ၀က်စ်ဟမ်ကို ၃-၁ ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင်ပါဝင်ကစားခဲ့ပြီးနောက် ဒဏ်ရာပြဿနာများနှင့်ရုန်းကန်ခဲ့ရပြီး ဟူးလ်စီးတီးသို့ အငှားဖြင့် ပြောင်းရွှေ့ခဲ့ရသည်။

ရာမီရက်ဇ်မှာ MK ဒွန်းစ်နှင့် ပွဲ၌ လူစားဝင်ကစားသမားအဖြစ်ပြန်လည်ပွဲထွက်ခဲ့ပြီး ဒူးဒဏ်ရာပြဿနာမှ ပြန်လည်ရုန်းထွက်နိုင်ခဲ့သည့် ဘာထရန်သည်လည်း ဒုတိယပိုင်း ၅၅ မိနစ်တွင် လူစားဝင်ကစားသမားအဖြစ် ပြန်လည်ပါဝင်နိုင်ခဲ့သည့်အပေါ် ကျေနပ်မိကြောင်း နည်းပြကိုးမန်းက ပြောကြားခဲ့သည်။

comments

error: Content is protected !!