ဘိုင်ယန်မြူးနစ်နှင့်အတူ မူလာဆက်ရှိမည်ဟု ဥက္ကဋ္ဌရူမင်နစ်ဂီ ပြောကြား
|
ဘိုင်ယန်မြူးနစ်ဥက္ကဋ္ဌရူမင်နစ်ဂီက အသင်းမှ တိုက်စစ်မှူးမူလာထွက်ခွာရန် မည်သည့်အကြောင်းမှမရှိကြောင်း ပြောကြားခဲ့သည့်အတွက် ပရီးမီးယားလိဂ်ထိပ်သီးမန်ယူက ခေါ်ယူရန်ပြင်ဆင်ထားသော မျှော်လင့်ချက်မှာ အဆုံးသတ်ခဲ့ကြောင်း သိရှိရသည်။
မန်ယူအသင်းမှာ မူလာ ၁၀ နှစ်အရွယ်ကတည်းက ခေါ်ယူရန်ပြင်ဆင်ခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ကြောင်း ယခုတစ်ပတ်တွင် နည်းပြဟောင်းဖာဂူဆန်က ထုတ်ဖော်ပြောကြားခဲ့ပြီး ယခုနှစ်နွေရာသီတွင် ထပ်မံဆက်သွယ်ခဲ့သည့် ဗန်ဟားလ်အတွက်လည်း မျှော်လင့်ချက်ကုန်ဆုံးခဲ့ရသည်။
မူလာနှင့်ပတ်သက်၍ ရူမင်နစ်ဂီက မက်ဆီ၊ ရွန်နီတို့ကဲ့သို့ပင် အဆိုပါတိုက်စစ်မှူးမှာ ဘိုင်ယန်မြူးနစ်၌ ကာလရှည်ရှိနေမည်ဟု ယုံကြည်ကြောင်းပြောကြားခဲ့ပြီး ၎င်းက ”ဘယ်အသင်းရဲ့ ကမ်းလှမ်းမှုမျိုးကိုမှ စိတ်မ၀င်စားဘဲ ဘိုင်ယန်နဲ့အတူ မူလာဆက်ရှိနေပါလိမ့်မယ်။ ဘယ်လိုကမ်းလှမ်းမှုမျိုးကိုမှ စဉ်းစားသွားမှာမဟုတ်ပါဘူး။ ဘာစီလိုနာနဲ့အတူ မက်ဆီရှိနေသလို မန်ယူနဲ့အတူရွန်နီရှိနေပြီး ဘိုင်ယန်မှာလည်း မူလာရှိနေပါလိမ့်မယ်။ ဒါက ဖြစ်သင့်တဲ့ ကိစ္စပါပဲ။ နည်းနစ်ပိုင်းမှာ ဘယ်သူတွေဘယ်လောက်တော်တော် ဘယ်လောက်မြန်မြန် ကမ္ဘာပေါ်မှာမူလာနောက်တစ်ယောက်မရှိပါဘူး။ သူဟာ ကျွန်တော်တို့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့သူပါ”ဟု ပြောကြားခဲ့သည်။
Next : ကစားပုံကြမ်းတမ်းမှုများအပေါ် ဝေဖန်နေသည်ကို အာရုံမစိုက်ကြောင်း အင်တာကွင်းလယ်လူမယ်လို ဆို