အချမ်းသာဆုံး ကစားသမားအေးဂျင့်အဖြစ် ဒုတိယနေရာတွင် ဂျော့စ်မန်ဒက်စ်ရပ်တည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
462010776
ဂျိမ်းစ်ရိုဒရီဂွက်ဇ်၊ ရော်နယ်ဒိုနှင့်အတူတွေ့ရသည့် ဂျော့စ်မန်ဒက်စ်(ယာ)

ပေါ်တူဂီလူမျိုးကစားသမားအေးဂျင့်ဂျော့စ်မန်ဒက်စ်သည် Forbes မဂ္ဂဇင်း၏ စစ်တမ်းထုတ်ပြန်ချက်များအရ အချမ်းသာဆုံးကစားသမားအေးဂျင့်အဖြစ် ဒုတိယနေရာတွင် ရပ်တည်နေကြောင်း စပိန်မီဒီယာ As.com  ၏ ဖော်ပြချက်အရသိရသည်။

ဥရောပထိပ်သီးကစားသမားအချို့၏အေးဂျင့်အဖြစ် တာဝန်ယူဆောင်ရွက်နေသည့် အေးဂျင့်ဂျော့စ်မန်ဒက်စ်သည် Forbes မဂ္ဂဇင်း၏ ထုတ်ပြန်ချက်တွင် ကန်ဒေါ်လာ ၉၅.၆ သန်းအထိ ပိုင်ဆိုင်ထားပြီး ကစားသမားအေးဂျင့်များတွင် ဒုတိယနေရာ၌ရပ်တည်ခဲ့သည်။

ကမ္ဘာ့အချမ်းသာဆုံးကစားသမားအေးဂျင့်အဖြစ် အမေရိကန်နိုင်ငံသား ဘေ့စ်ဘောကစားသမားအေးဂျင့်စကော့ဘိုရော့စ်က ကန်ဒေါ်လာ ၁၁၇.၁ သန်းဖြင့် ထိပ်ဆုံးတွင် ရပ်တည်လျက်ရှိနေသည်။ သို့သော် ဂျော့စ်မန်ဒက်စ်မှာ ဘောလုံးအေးဂျင့်များတွင်မူ အချမ်းသာဆုံးအေးဂျင့်အဖြစ်ရပ်တည်လျက်ရှိသည်။

ဥရောပထိပ်သီးကစားသမားများဖြစ်သည့် စီရော်နယ်ဒို၊ ဖယ်လ်ကာအို၊ ဒီမာရီယာ၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့အပြင် စကိုလာရီ၊ မော်ရင်ဟို၊ ကားလို့စ်ကွီရော့ဇ်အစရှိသူတို့၏ အေးဂျင့်အဖြစ် တာဝန်ယူနေသည့် ဂျော့စ်မန်ဒက်စ်သည် ဖီဖာအကောင်းဆုံးကစားသမားအေးဂျင့်ဆုအား သုံးကြိမ်ဆက်တိုက်ရရှိထားသူဖြစ်သည်။

comments

error: Content is protected !!