Capital One ဖလားပြိုင်ပွဲမှ နယူးကာဆယ်ထွက်ခဲ့ရပြီးနောက် ကပ်ဆိုးကျရောက်ရန်နီးစပ်နေဟု မက္ကလာရင် ၀န်ခံ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
489703294
ရှက်ဖီးဝက်စ်ဒေးနှင့်ပွဲတွင်တွေ့ရသည့် မက္ကလာရင်

နယူးကာဆယ်နည်းပြမက္ကလာရင်က ရှက်ဖီး Wed အသင်းကို Capital One ဖလားပြိုင်ပွဲ တတိယအဆင့်တွင် အိမ်ကွင်း၌ ၁-၀ ဂိုးဖြင့် အရေးနိမ့်ခဲ့ပြီးနောက် ကပ်ဆိုးကျရောက်ရန်နီးစပ်နေပြီဟု ၀န်ခံပြောကြားခဲ့သည်။

နယူးကာဆယ်အသင်းမှာ ယခုနှစ်ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်၌ ရှုံးပွဲ ၄ ပွဲကြုံပြီး နိုင်ပွဲပျောက်ဆုံးထားကာ ယခုကစား ခဲ့သည့် Capital One ဖလားပြိုင်ပွဲ ဒုတိယအဆင့်တွင် ဒုတိယတန်းကလပ် နော်သမ်တန်တစ်သင်းတည်းကိုသာ အနိုင်ယူထားနိုင်ခဲ့သည်။

ယခုဖြစ်ရပ်များနှင့်ပတ်သက်၍ နည်းပြမက္ကလာရင်က ”ကျွန်တော်ထင်ထားတာထက်ပိုပြီး ဒီအလုပ်ကကြိုးစားရတာမဟုတ်လား။ သံသယဖြစ်ရာတောင်မရှိဘူး။ လူတွေက ကပ်ဆိုးကျနေပြီလို့ပြောကြတယ်။ အဲဒီလိုဖြစ်ဖို့ တော်တော်လေးနီးစပ်နေပါပြီ။ ဒီဝေဖန်မှုတွေနဲ့ ကျွန်တော်တို့ ထိုက်တန်ပါတယ်”ဟု ပြောကြားခဲ့သည်။

ရှက်ဖီးဝက်စ်ဒေးအသင်းမှာ မက်ဂူဂန်၏ ၇၆ မိနစ်တွင်သွင်းယူခဲ့သော အဝေးကန်ချက်ဖြင့် နယူးကာဆယ်အသင်းကို အနိုင်ရရှိခဲ့ပြီးနောက် စတုတ္ထအဆင့်တွင် အာဆင်နယ်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

comments

error: Content is protected !!