အာဆင်နယ်နှင့်ပွဲတွင် ဟာဇက်သွင်းခဲ့သည့်ဂိုးမှာ ချမ်ဘား၏ ကိုယ့်ဂိုးကိုယ်သွင်းဂိုးဟု ပရီးမီးယားလိဂ်အဖွဲ့ချုပ်သတ်မှတ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
489093502
အာဆင်နယ်နှင့်ပွဲတွင်တွေ့ရသည့် ဟာဇက်

ပရီးမီးယားလိဂ်ပွဲစဉ် ၆ အဖြစ်ကစားခဲ့သော ချဲလ်ဆီး၂-၀အာဆင်နယ် လန်ဒန်ဒါဘီပွဲတွင် ဟာဇက်ကန်သွင်းခဲ့သည့်ဂိုးမှာ အာဆင်နယ်နောက်ခံလူချမ်ဘားနှင့်ထိ၍ ဂိုးဝင်သွားခဲ့သောကြောင့် ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ချမ်ဘား၏ ကိုယ့်ဂိုးကိုယ်သွင်းယူမိသည့်ဂိုးအဖြစ်သတ်မှတ်ခဲ့သည်။

ပရီးမီးယားလိဂ်အဖွဲ့ချုပ်၏ကြေညာချက်တွင် ”အာဆင်နယ်နှင့်ကစားခဲ့သည့်ပွဲတွင် ချဲလ်ဆီး၏ ဒုတိယသွင်းဂိုးမှာ ချမ်းဘား၏ ကိုယ့်ဂိုးကိုယ်သွင်းယူမိသည့်ဂိုးဖြစ်ခဲ့သည့်အတွက် ဟာဇက်နှင့် မသက်ဆိုင်စေရ”ဟု ဖော်ပြခဲ့သည်။

ယနေ့တွင်ပရီးမီးယားလိဂ်သွင်းဂိုးအသိအမှတ်ပြုအဖွဲ့မှ ချမ်ဘားဂိုးအဖြစ်သတ်မှတ်ခဲ့ခြင်းကြောင့်ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံးဆုရှင်ဟာဇက်မှာယခုနှစ်ဘောလုံးရာသီ၌ဂိုးသွင်းယူနိုင်ခြင်းမရှိသေးသည့်စံချိန်ဆိုးကိုဆက်လက်ထိန်းသိမ်း သွားရသည်။

ဟာဇက်က”အခုတစ်ပတ်အတွင်းမှာ နိုင်ပွဲတွေရခဲ့တာက အသင်းအတွက်ယုံကြည်မှုတိုးပွားစေခဲ့ပါတယ်။ နိုင်ပွဲတွေက ကျွန်တော်တို့အတွက် တကယ်ကိုထိုက်တန်ခဲ့ပါတယ်။လက်ရှိခြေစွမ်းကိုကျေနပ်သလို ပြီးခဲ့တဲ့ဘောလုံးရာသီကလည်း ကျွန်တော့်အတွက် ကောင်းမွန်မှုနဲ့ အဆုံးသတ်ခဲ့ပါတယ်။အာဆင်နယ်နဲ့ပွဲမှာ ရခဲ့တဲ့ဂိုးကကျွန်တော့်အတွက်ယုံကြည်မှု ရစေခဲ့ပါတယ်”ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!