၂၀၁၅ ဖီဖာကမ္ဘာ့ကလပ်ချန်ပီယံပွဲစဉ်များ ထွက်ပေါ်လာ
|
ဂျပန်နိုင်ငံကအိမ်ရှင်အဖြစ်ကျင်းပမည့် ၂၀၁၅ ဖီဖာကမ္ဘာ့ကလပ်ချန်ပီယံပွဲစဉ်များထွက်ပေါ်လာခဲ့ရာ ဥရောပချန်ပီယံဘာစီလိုနာအသင်းမှာ ဆီမီးဖိုင်နယ်အဆင့်တွင် အာရှချန်ပီယံနှင့် ကွန်ကာကပ်ဖ်ချန်ပီယံအသင်းတို့ပွဲစဉ်မှ အနိုင်ရရှိမည့်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
၁၂ ကြိမ်မြောက်ကျင်းပမည့် ယခုပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့်အသင်းများမှာ ကိုပါအမေရိကချန်ပီယံ ရေးဗာပလိတ်၊ ဥရောပချန်ပီယံ ဘာစီလိုနာ၊ ကွန်ကာကပ်ဖ်ချန်ပီယံ ကလပ်အမေရိက၊ သမုဒ္ဓရာပိုင်းဇုန်ချန်ပီယံ အုတ်ကလန်စီးတီး အသင်းတို့ဖြစ်ပြီး အိမ်ရှင်အသင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ဂျပန်လိဂ်ချန်ပီယံအသင်းတစ်သင်းနှင့် အာဖရိကချန်ပီယံ၊ အာရှချန်ပီယံအသင်းများဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်သည်။
ဥရောပချန်ပီယံဘာစီလိုနာအသင်းသည် ကွန်ကာကပ်ဖ်ချန်ပီယံ ကလပ်အမေရိကအသင်းနှင့် အာရှချန်ပီယံအသင်းတို့ယှဉ်ပြိုင်ကစားမည့် ကွာတားဖိုင်နယ်ပွဲစဉ်မှအနိုင်ရရှိလာမည့်အသင်းနှင့် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
၂၀၁၅ ဒီဇင်ဘာ ၁၀ ရက်မှ ၂၀ ရက် အတွင်းကျင်းပမည့် အဆိုပါပွဲစဉ်တွင် သမုဒ္ဓပိုင်းဇုန်ချန်ပီယံအသင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် အုတ်ကလန်စီးတီးအသင်းမှာ ၇ ကြိမ်မြောက် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး ဥရောပချန်ပီယံဘာစီလိုနာကမူ ၄ ကြိမ်မြောက် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်သည်။ ဘာစီလိုနာမှာ နောက်ဆုံးကစားခဲ့သည့် ၂၀၁၁ ပြိုင်ပွဲတွင် ချန်ပီယံအဖြစ် ဗိုလ်စွဲနိုင်ခဲ့သည်။
Next : အချမ်းသာဆုံး ကစားသမားအေးဂျင့်အဖြစ် ဒုတိယနေရာတွင် ဂျော့စ်မန်ဒက်စ်ရပ်တည်