မန်ယူအသင်း ပွဲချောင်သည့် capital one စတုတ္ထအဆင့်ပွဲစဉ်ထွက်ပေါ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
manu
အစ်ဆွစ်ခ်ျဘက်သို့ မာရှယ်ဂိုးသွင်းပြီးနောက် အသင်းဖော်များဂုဏ်ပြုနေစဉ်။

Capitaloneစတုတ္ထအဆင့်ပွဲစဉ်များထွက်ပေါ်လာရာနယူးကာဆယ်ကိုကျော်ဖြတ်လာသည့် ရှက်ဖီးဝမ့်နက်စ်ဒေးအသင်းသည် အာဆင်နယ်နှင့် ထပ်မံတွေ့ဆုံမည်ဖြစ်ကြောင်းသိရသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရလဒ်ပိုင်းကျဆင်းမှုရင်ဆိုင်နေရသည့် လီဗာပူးအသင်းမှာ capital one တတိယအဆင့်တွင် ကာလစ္စလီသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူနိုင်ခဲ့ပြီး ယခုစတုတ္ထအဆင့်တွင်  ဘုန်းမောက်အသင်းကို အိမ်ကွင်းတွင် ဧည့်ခံကစားရမည်ဖြစ်သည်။

ထို့အပြင်မန်ယူအသင်းမှာလည်းအိမ်ကွင်းတွင်ချန်ပီယံရှစ်ကလပ်မစ်ဒယ်ဘရော့အသင်းကိုလည်းကောင်း၊ခရစ္စတယ်ပဲလေ့စ်မှာ မန်စီးတီးအသင်းကွင်းသို့လည်းကောင်းသွားရောက် ကစားရမည်ဖြစ်သည်။

လက်ရှိCapitalOneချန်ပီယံချဲလ်ဆီးသည်စတုတ်စီးတီးကွင်းသို့သွားရောက်ကစားရမည်ဖြစ်ကာပရီးမီးယားလိဂ်အသင်းခြင်း  တွေ့ဆုံမှုအဖြစ်ဆောက်သမ်တန်နှင့်အက်စ်တွန်ဗီလာ၊ အဲဗာတန်နှင့် နောဝစ်ခ်ျတို့ကစားရမည်ဖြစ်သည်။

Capital one စတုတ္ထအဆင့်ပွဲစဉ်များ

မန်စီးတီး – ခရစ္စတယ်ပဲလေ့စ်

လီဗာပူး – ဘုန်းမောက်

မန်ယူ – မစ်ဒယ်ဘရော့

အဲဗာတန် – နောဝစ်ခ်ျ

ဆောက်သမ်တန် – အက်စ်တွန်ဗီလာ

ရှက်ဖီးဝမ့်နက်စ်ဒေး – အာဆင်နယ်

ဟားလ်စီးတီး – လက်စတာ

စတုတ်စီးတီး – ချဲလ်ဆီး

comments

error: Content is protected !!