ထိပ်တန်းလိဂ်ပြိုင်ပွဲများ၌ဘွန်ဒက်စ်လီဂါ လက်မှတ်ခမှာ အသင့်လျော်ဆုံးနှုန်းထားဖြစ်လာခဲ့

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
489422720
ဘွန်ဒက်စ်လီဂါပွဲစဉ်တစ်ပွဲတွင် ပွဲကြည့်စင်မှ ဒေါ့မွန်ပရိသတ်များကိုတွေ့ရစဉ်

ကမ္ဘာ့ထိပ်တန်းအမှတ်ပေးပြိုင်ပွဲများအနက်ပရီးမီးယားလိဂ်မှာပရိသတ်များအတွက်လက်မှတ်ခပေးချေမှုနှုန်းထားနှင့်ထိုက်တန် သည့်အဆင့်သတ်မှတ်ချက်တွင် အဆင့် ၄ နေရာရပ်တည်ခဲ့ပြီး ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ ပေးချေရသည့် လက်မှတ်ခနှင့် ထိုက်တန်မှုအရှိဆုံးပြိုင်ပွဲဖြစ်လာခဲ့ကြောင်း စစ်တမ်းတစ်ရပ်က ဖော်ပြသွားခဲ့သည်။

ယခုစစ်တမ်းမှာ ပျမ်းမျှလက်မှတ်ခနှုန်းထားချင်း နှိုင်းယှဉ်တွက်ချက်ခဲ့ခြင်းဖြစ်ပြီး အင်္ဂလန်အားကစားရပ်ဝန်းရှိပြိုင်ပွဲများ၏ လက်မှတ်ခဈေးနှုန်းမြင့်မားမှုနှင့်အတူ ပရီးမီးယားလိဂ်တစ်ပွဲပျမ်းမျှလက်မှတ်ခမှာ ပေါင် ၅၃.၇၆ ဖြစ်ခဲ့ပြီး ၎င်း၏နောက်တွင် စပိန်လာလီဂါပြိုင်ပွဲကြည့်ရှုခွင့်တစ်ပွဲပျမ်းမျှလက်မှတ်ခမှာပေါင်၅၀.၈၃ ဖြစ်ခဲ့သောကြောင့်လာရောက်ကြည့်ရှုသူပရိသတ်များအ တွက်ဒုတိယဈေးအကြီးဆုံး ပြိုင်ပွဲဖြစ်လာခဲ့သည်။

ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ တစ်ပွဲပျမ်းမျှလက်မှတ်ခ ပေါင် ၂၃.၀၂ သာကျကုန်ကျမည်ဖြစ်သဖြင့် လာရောက်ကြည့်ရှုသူ ပရိသတ်များအတွက် ပေးချေမှုနှင့်ထိုက်တန်သည့် အသင့်လျော်ဆုံးပြိုင်ပွဲစစ်တမ်းတွင် ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစစ်တမ်းမှာ ကမ္ဘာ့ထိပ်တန်းလိဂ် ၂၅ ခု၏ တစ်ပွဲပျမ်းမျှလက်မှတ်ခအပါအ၀င် အသင်းအားလုံး၏ ကွင်းဝင်ကြေး၊ သီးသန့်ခန်းများနှင့် VIP လက်မှတ်ခများဖြင့် စာရင်းပြုစုထားခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်မှတ်ခနှုန်းထားနှင့်ထိုက်တန်သည့် လိဂ်ပြိုင်ပွဲများကျင်းပရာနိုင်ငံများကို ဖော်ပြခဲ့ရာတွင် ထိပ်ဆုံး၌ဂျာမနီရပ်တည်နေပြီး၊ စပိန်၊ ပေါ်တူဂီနှင့် စတုတ္ထနေရာတွင် အင်္ဂလန်ရပ်တည်နေကာ၊ အာဂျင်တီးနား၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ အီတလီ၊ တူရကီ၊ ဘရာဇီးတို့ အစဉ်လိုက်ရပ်တည်လျက်ရှိသည်။

comments

error: Content is protected !!