ယူအေအီး၊ ကာတာကလပ်များသို့ အဒီဘာယောပြောင်းရွှေ့ဖွယ်ရှိနေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
461906172
ယမန်နှစ်ရာသီက စပါးလူစာရင်းတွင်ပါဝင်ခဲ့သည့် အဒီဘာယော

ပရီးမီးယားလိဂ်ဝါရင့်တိုက်စစ်မှူးဖြစ်သူ အဒီဘာယောသည် စပါးအသင်းလူစာရင်းမှထုတ်ပယ်ခံခဲ့ရပြီးနောက် ယူအေအီး၊ ကာတာနိုင်ငံများမှ ထိပ်သီးကလပ်အသင်းများသို့ ပြောင်းရွှေ့ရောက်ရှိဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။

မိသားစုပြဿနာများကြောင့် ခြေစွမ်းပိုင်းကျဆင်းခဲ့ပြီးနောက် စပါးအသင်း၏ ပရီးမီးယားလိဂ်၊ ယူရိုပါလိဂ်လူစာရင်းများမှ ချန်လှပ်ခြင်းခံခဲ့ရသည့် အဒီဘာယောသည် တိုဂိုလက်ရွေးစင်အသင်းတွင်လည်း ရွေးချယ်ခံရခြင်းမရှိခဲ့ပေ။ ယင်းအတွက်ကြောင့် ၎င်းအနေဖြင့် စပါးအသင်းနှင့် နှစ်ဖက်သဘောတူစာချုပ် ဖျက်သိမ်းရန်ကမ်းလှမ်းခဲ့ကြောင်း ဗြိတိန်မီဒီယာများမှဖော်ပြလျက်ရှိသည်။

လက်ရှိထွက်ပေါ်နေသည့် သတင်းများအရ ယူအေအီးကလပ်များဖြစ်သည့် အယ်လ်ဝါ၊ အယ်လ်ဂျာဇီယာ နှင့် ကာတာကလပ် အယ်လ်ဆက်ဒ်အသင်းများအနေဖြင့် ပရီးမီးယားလိဂ်အတွေ့အကြုံရင့် အဒီဘာယောအားခေါ်ယူရန် စိတ်ဝင်စားလျက်ရှိပြီး အမေရိကန်မေဂျာလိဂ်ကလပ်အသင်းအချို့ကလည်း ၎င်းအားခေါ်ယူနိုင်ရန် ပြင်ဆင်လျက်ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် နွေရာသီကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် ၀က်စ်ဟမ်းအသင်းထံရောက်ရှိရန် နီးစပ်ခဲ့သော်လည်း  ပြောင်းရွှေ့ကြေးနှင့်ပတ်သက်၍ အဆင်မပြေမှုများရှိခဲ့ပြီးနောက် အဒီဘာယောမှာ စပါးအသင်းတွင် ဆက်ရှိနေခဲ့ခြင်းဖြစ်သည်။

comments

error: Content is protected !!