ပွဲစဉ်တိုင်းတွင် ဂီရော့ဒ် ဦးစားပေးတိုက်စစ်မှူးမဖြစ်နိုင်ဟု အာစင်ဝင်းဂါး ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
482248984
ဝဲလ်ကော့နှင့် ဂီရော့ဒ်အား အတူတွေ့ရစဉ်

အာဆင်နယ်နည်းပြ၀င်းဂါးကအသင်း၏ပွဲစဉ်တိုင်းတွင်ဂီရော့ဒ် ဦးစားပေးပွဲထွက်တိုက်စစ်မှူးမဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပြီး ၀ဲလ်ကော့နှင့်အလှည့်ကျကစားရမည်ဟုဆိုခဲ့သည်။

အဆိုပါပြင်သစ်လူမျိုးနည်းပြက”တိုက်စစ်နေရာအတွက် ဂီရော့ဒ်နဲ့ ၀ဲလ်ကော့တို့ ယှဉ်ပြိုင်နေကြရမှာပါ။ အဲဒီနေရာမှာတစ်ယောက်တည်းကစားနေမယ်ဆိုရင် လူတွေပြောလေ့ရှိတာက နောက်တစ်ယောက်ကို ဘာလို့မကစားခိုင်းတာလဲ ဆိုတဲ့စကားပါ။ ထိပ်တန်းတိုက်စစ်မှူး ၂ ဦးရှိနေတဲ့အချိန်မှာ တချို့ပွဲကို ဂီရော့ဒ်ကစားပြီး တချို့ပွဲကို ၀ဲလ်ကော့ကစားရမှာဖြစ်ပါတယ်။ တစ်ရာသီတည်းမှာ ပွဲ ၆၀ ထက်ပိုပြီး ဘယ်သူမှမကစားနိုင်ပါဘူး။ ပွဲစဉ်တစ်ပွဲမှာ အနိုင်ရဖို့အတွက် ကျွန်တော်တို့ဘာလုပ်သင့်တယ်ဆိုတာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချဖို့လိုပါတယ်။ ဂီရော့ဒ်ဟာ ကောင်းမွန်တဲ့ မိတ်ဆွေကောင်းတစ်ဦးဖြစ်သလို ပွဲကစားဖို့အတွက်လည်း အသင့်ဖြစ်နေသူပါ။ ၀ဲလ်ကော့နဲ့ ဂီရော့ဒ် ၂ ဦးလုံးဟာ မတူညီတဲ့ အရည်အချင်းတွေနဲ့ အသင်းကို စိတ်ဝင်စားအောင် လုပ်နိုင်သူတွေလည်းဖြစ်ပါတယ်။ ဂီရော့ဒ်ဟာ ပါဝင်ခွင့်ရတဲ့ပွဲတွေမှာ အခွင့်အရေးတွေရဖို့ ဖန်တီးပေးနိုင်လို့ သူနဲ့တွဲကစားတဲ့သူတွေအတွက် နှစ်သက်စရာဖြစ်စေခဲ့ပါတယ်”ဟု ပြောကြားခဲ့သည်။

ယခုနှစ်ဘောလုံးရာသီတွင် ဂီရော့ဒ်နှင့် ၀ဲလ်ကော့တို့မှာ အာဆင်နယ်အသင်းအတွက် သွင်းဂိုး ၂ ဂိုးစီ ရယူပေးနိုင်ခဲ့ပြီး နည်းပြအာစင်ဝင်းဂါးက ဂီရော့ဒ်မှာ အသင်း၏ အဖိုးတန်ကစားသမားတစ်ဦးဖြစ်ကြောင်း ချီးကျူးသွားခဲ့သည်။

comments

error: Content is protected !!