ခြေစစ်ပွဲနောက်ဆုံးအဆင့်သို့ ဗီယက်နမ်အမျိုးသမီးအသင်းတက်ရောက်
|
ရန်ကုန်၊စက်တင်ဘာ ၂၃။
အောင်သော်ဖြိုး။
မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် ကျင်းပနေသော ၂၀၁၆ အိုလံပစ် အမျိုးသမီး ဘောလုံး ခြေစစ်ပွဲ ဒုတိယအဆင့်၊ အုပ်စု (G) အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် မြန်မာအသင်း နှင့် တရုတ်တိုင်ပေ အသင်းတို့ တွေ့ဆုံသည့် ပွဲစဉ်တွင် မြန်မာအသင်းက ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့်အတွက် ဗီယက်နမ်အသင်း အုပ်စုဗိုလ်အဖြစ် နောက်တဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
ဗီယက်နမ် အသင်းသည် အုပ်စုတွင်း တရုတ်တိုင်ပေအသင်းကိုသာ ရှုံးနိမ့်ခဲ့က ကျန်သုံးပွဲအနိုင်ရခဲ့ပြီး ရမှတ် ၉မှတ်ဖြင့်အုပ်စု ပထမ၊ တရုတ်တိုင်ပေအသင်းသည် ၄ပွဲကန် ၂ပွဲနိုင် ၁ပွဲသရေ ၁ပွဲရှုံး ရမှတ် ၇မှတ်ဖြင့် အုပ်စု ဒုတိယ နေရာ၊ထိုင်းအသင်းသည် ၄ပွဲကန် ၂ပွဲနိုင် ၁ပွဲသရေ ၁ပွဲရှုံး ရမှတ် ၇မှတ်ဖြင့် တတိယနေရာ၊ မြန်မာအသင်းက ၄ပွဲကစား၂ပွဲနိုင် ၂ပွဲရှုံး ရမှတ် ၆မှတ်ဖြင့် စတုတ္ထနေရာ၊ ဂျော်ဒန် အသင်းက ၄ပွဲကန် ၄ပွဲရှုံး ရမှတ်မရှိဘဲ အုပ်စု နောက်ဆုံးနေရာတွင်ရပ်တည်ခဲ့သည်။
၂၀၁၆ အိုလံပစ် အမျိုးသမီး ဘောလုံး ခြေစစ်ပွဲ နောက်ဆုံးအဆင့်သို့ ဂျပန်၊ သြစတေးလျ၊ မြောက်ကိုရီးယား၊ တရုတ်၊ တောင်ကိုရီးယား၊ ဗီယက်နမ် အသင်းတို့ တက်ရောက်ခွင့်ရခဲ့ပြီး ၂ဝ၁၆ ဖေဖော်ဝါရီ ၂၉ ရက်နေ့ ဂျပန်နိုင်ငံတွင် စတင်ကာ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ယခုခြေစစ်ပွဲနှစ်ဆင့်ယှဉ်ပြိုင်ပြီးချိန်တွင် မြန်မာအသင်း မှ ခင်မိုးဝေက ၉ဂိုး သွင်းယူထားပြီး ဂိုးသွင်းအများဆုံးနေရာတွင် ရပ်တည်နေပြီး ဝင်းသိင်္ဂီထွန်း က ၆ဂိုး၊နော်အားလိုဝါးဖော နှင့် ရီရီဦးတို့က ၃ဂိုး၊ ခင်မာလာထွန်း၊ဝေဝေအောင် တို့က ၂ဂိုးဆီသွင်းယူထားပြီး စန်းစန်းမော်၊ သန်းသန်းထွေး တို့က ၁ဂိုးဆီသွင်းယူထားသည်။
ခြေစစ်ပွဲဒုတိယအဆင့် ဂိုးအများဆုံးသွင်းသူအဖြစ် ဗီယက်နမ်မှ ငုယင် သီမင့် ငူယက်က(၄)ဂိုး၊ ထိုင်းမှ အနော့ ဆာရာက(၃)ဂိုး၊ ခင်မိုးဝေက(၃)ဂိုး၊ဝေေ၀အောင်က(၂)ဂိုးတို့ဖြင့်ရပ်တည်လျက်ရှိသည်။
Next : ကော်စတာ ၃ ပွဲပယ်ခံရပြီး ဂါဘရီရယ် ပွဲပယ်ပြစ်ဒဏ် ကင်းလွတ်