အာဆင်နယ်နှင့်ပွဲတွင် အဓိကကွင်းလယ်လူ ၃ ဦးမပါဝင်နိုင်ဟု စပါးနည်းပြ ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
489287444
ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲစဉ်ကတွေ့ရသည့် ပိုချက်တီနို (လယ်)

Capital One ဖလားတတိယအဆင့်အဖြစ် ယနေ့ညတွင်ကစားမည့် အာဆင်နယ်နှင့်ပွဲတွင် အဓိက ကွင်းလယ်လူများဖြစ်သော ဘန်တယ်လတ်၊ ရိုင်ယန်မာဆင်နှင့် ဒမ်ဘီလီတို့မှာ ကြံ့ခိုင်မှုမပြည့်ဝသဖြင့် ပါဝင်ကစားနိုင်မည်မဟုတ်ကြောင်း စပါးနည်းပြပိုချက်တီနိုက အတည်ပြုပြောကြားလိုက်သည်။

ပိုချက်တီနိုက ”ဘန်တယ်လတ်၊ မာဆင်နဲ့ ဒမ်ဘီလီတို့ မပါဝင်နိုင်ပါဘူး။ သူတို့တိုးတက်မှုနှုန်းကောင်းနေလို့ အသင်းအတွက် ပြန်လည်ပွဲထွက်ဖို့နီးစပ်နေပေမယ့် အခုပွဲမှာအတွက်တော့ မကစားနိုင်သေးပါဘူး။ အသင်းအတွက်ရော သူတို့အတွက်ပါ ကံဆိုးတာပါပဲ”ဟု ပြောကြားခဲ့သည်။

စပါးအသင်းမှာ အာဆင်နယ်နှင့်ကစားမည့် လန်ဒန်မြောက်ပိုင်းဒါဘီပွဲကို သေချာပြင်ဆင်မည်ဖြစ်သော်လည်း လာမည့်ပွဲစဉ်များတွင် မန်စီးတီး၊ မိုနာကိုတို့နှင့်ရင်ဆိုင်ရမည်ဖြစ်သောကြောင့် အသင်းပွဲထွက်စာရင်အပြောင်းအလဲများစွာပြုလုပ်လာနိုင်ကြောင်းသိရသည်။

ပြီးခဲ့သည့်နွေရာသီတွင် စပါးအသင်းသို့ရောက်ရှိလာသော အသက် ၄၃ နှစ်ရှိ နည်းပြပိုချက်တီနိုမှာ နည်းပြဘ၀၌ အာဆင်နယ်နှင့်တွေ့ဆုံမှုတွင် ရှုံးပွဲမရှိသူဖြစ်သည်။

comments

error: Content is protected !!