ှဗီရိုနာတိုက်စစ်မှူးတိုနီ ဒူးဒဏ်ရာကြောင့် ကစားသမားအဖြစ်မှ အနားယူရမည့်အခြေအနေနှင့် ရင်ဆိုင်နေရ
|
စီးရီးအေကလပ် ဗီရိုနာအသင်းတိုက်စစ်မှူး လူကာတိုနီသည် အတ္တလန္တာအသင်းနှင့် သရေကျခဲ့သည့် ပွဲစဉ်တွင်ရရှိခဲ့သည့် ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူရဖွယ်ရှိနေသည့်အတွက် ကစားသမားအဖြစ်မှအနားယူရမည့်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။
အသက် ၃၈ နှစ်အရွယ်ရှိ အီတလီလက်ရွေးစင်တိုက်စစ်မှူးဟောင်းဖြစ်သူ လူကာတိုနီသည် ယခုနှစ်ဘောလုံးရာသီတွင် အသင်းနှင့်အတူ ပွဲစဉ်တိုင်းကစားခွင့်ရရှိခဲ့ပြီး အတ္တလန္တာအသင်းနှင့်ပွဲစဉ်တွင် ပြိုင်ဘက်ကစားသမားနှင့်ထိခိုက်မိခဲ့ပြီးနောက် အသင်းဖော် ပက်ဇီနီနှင့် လူစားလဲခံခဲ့ရသည်။
လူကာတိုနီ၏ ဒဏ်ရာအခြေအနေနှင့်ပတ်သက်၍ အသင်းဆေးအဖွဲ့၏ သတင်းထုတ်ပြန်မှုတွင် အချိန်အနည်းငယ်သာအနားယူရမည်ဟု သတင်းထုတ်ပြန်ခဲ့သော်လည်း အီတလီမီဒီယာများကမူ ပြင်းထန်သည့်ဒူးဒဏ်ရာအခြေအနေကြောင့် ၃ လခန့်အနားယူရဖွယ်ရှိနေကြောင်း၊ ယခင်ဒဏ်ရာဟောင်းအား ထပ်မံထိခိုက်မိခြင်းဖြစ်၍ ပြန်လည်သက်သာရန် အချိန်ယူရမည်ဖြစ်ပြီး ကစားသမားဘ၀မှ အနားယူရနိုင်သည့်အခြေအနေဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။
Next : ယနေ့ညကစားမည့် အစ်ဝစ်ခ်ျနှင့်ပွဲတွင် မန်ယူအရန်စာရင်း၌ ဖီးလ်ဂျုံးစ်ပြန်လည်ပါဝင်မည်