ယနေ့ညကစားမည့် အစ်ဝစ်ခ်ျနှင့်ပွဲတွင် မန်ယူအရန်စာရင်း၌ ဖီးလ်ဂျုံးစ်ပြန်လည်ပါဝင်မည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
483291442
မန်ယူလေ့ကျင့်ရေးကွင်းတွင် သြဂုတ်လကတွေ့ရသည့် ဖီးလ်ဂျုံးစ်

မန်ယူအသင်းနောက်ခံလူဖီးလ်ဂျုံးစ်မှာ ဘယ်ခြေထောက်သွေးခဲခြင်းပြဿနာကြောင့် ၆ ပတ်ခန့်အနားယူခဲ့ရပြီးနောက် Capital One ဖလားပြိုင်ပွဲအဖြစ် ယနေ့ညကစားမည့် အစ်ဝစ်ခ်ျနှင့်ပွဲ၌ အရန်စာရင်းတွင် ပြန်လည်ပါဝင်နိုင်မည်ဖြစ်ကြောင်း နည်းပြဗန်ဟားလ်က ပြောကြားသွားခဲ့သည်။

ဗန်ဟားလ်က ”ရိုဟို တံကောက်ကြောဒဏ်ရာရနေသလို မက်နီရာကလည်း အသေးစားဒဏ်ရာရှိနေပါတယ်။ ပြောရမယ်ဆိုရင်တော့ နောက်ခံလူ ၃ ယောက်ဒဏ်ရာရနေပါတယ်။ ဖီးလ်ဂျုံးစ်ကိုတော့ အရန်စာရင်းမှာထည့်သွင်းနိုင်ပေမယ့် သူလည်းကြံ့ခိုင်မှုမပြည့်သေးပါဘူး။ သူ့အနေနဲ့ မိနစ် ၃၀ လောက်ပဲ ကစားနိုင်မယ်ထင်တယ်”ဟု ပြောကြားခဲ့သည်။

ယနေ့ယှဉ်ပြိုင်မည့် အစ်ဝစ်ခ်ျနည်းပြ မက္ကာသီမှာ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲတွင် အိုင်ယာလန်နည်းပြအဖြစ်တာဝန်ယူပြီး ထိုစဉ်က ဟော်လန်အသင်းနည်းပြဖြစ်သူ ဗန်ဟားလ်ကို ၁-၀ ဂိုးဖြင့်အနိုင်ယူခဲ့ဖူးသည်။ ယခုတွေ့ဆုံမှုမှာ အဆိုပါနည်းပြ ၂ ဦးအတွက် ၁၄ နှစ်တာကာလအတွင်း ပထမဆုံး ပြန်လည်တွေ့ဆုံမည့်ပွဲဖြစ်သည်။

comments

error: Content is protected !!