ဝုဖ်ဘတ်နှင့်ပွဲတွင် ၉ မိနစ်အတွင်း ၅ ဂိုးသွင်းယူပြီး လီဝမ်ဒေါစကီးစံချိန်တင်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
489618212
ဝုဖ်ဘတ်နှင့်ပွဲတွင် ဂိုးသွင်းယူပြီးအောင်ပွဲခံနေသည့် လီဝမ်ဒေါစကီး

ဘွန်ဒက်စ်လီဂါပွဲစဉ် ၆ အဖြစ်ကစားခဲ့သော ၀ုဖ်ဘတ်နှင့်ပွဲတွင် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးလီဝမ်ဒေါစကီးမှာ ၉ မိနစ်အတွင်း ၅ ဂိုးသွင်းယူနိုင်ခဲ့သောကြောင့် ဘွန်ဒက်စ်လီဂါသမိုင်းတစ်လျှောက် အချိန်အနည်းငယ်အတွင်း ဂိုးအများဆုံးသွင်းယူသူအဖြစ် စံချိန်တင်နိုင်ခဲ့ကြောင်းသိရှိရသည်။

လီဝမ်ဒေါစကီးမှာ ဒုတိယပိုင်း ၄၆ မိနစ်တွင် အယ်လ်ကန်တာရာအစား လူစားဝင်ခဲ့ပြီးနောက် ၅ ဂိုးသွင်းယူခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ၄ မိနစ်အတွင်းရယူနိုင်သည့် ဟက်ထရစ်ဂိုးမှာလည်း ဘွန်ဒက်စ်လီဂါသမိုင်းတစ်လျှောက်အမြန်ဆုံးဟက်ထရစ်ဂိုးဖြစ်ခဲ့သည့်အပြင် ဘွန်ဒက်စ်လီဂါသမိုင်းတစ်လျှောက် လူစားဝင်ကစားသမားအဖြစ်မှ ဂိုးအများဆုံးသွင်းယူနိုင်သည့်စံချိန်ကိုလည်း ပိုင်ဆိုင်ခဲ့သည်။

ယခုကဲ့သို့ စံချိန်တင်ဂိုးများသွင်းယူနိုင်ခဲ့ခြင်းနှင့်ပတ်သက်၍ ”တကယ့်ကို ရူးသွပ်ချင်စရာကောင်းပါတယ်။ ၅ ဂိုးသွင်းယူနိုင်တာက မယုံနိုင်စရာဖြစ်ခဲ့ပါပဲ။ အလွန့်အလွန်ကို ကျေနပ်စရာကောင်းခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ ဂုဏ်ယူစရာပွဲတစ်ပွဲပါပဲ။ ပထမပိုင်းပြီးဆုံးချိန်အထိ ကျွန်တော်တို့အသင်းနောက်ကလိုက်ကစားခဲ့ရတာပါ။ ကျွန်တော်ကလည်း ဂိုးအမြန်ဆုံးရယူဖို့ဆန္ဒရှိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အတွက် သွင်းဂိုး ၂ ဂိုးလိုအပ်နေခဲ့လို့ပါ”ဟု ၂၀၁၃ ခုနှစ်ချန်ပီယံလိဂ်ရာသီတွင် ဒေါ့မွန်အသင်းအတွက် ရီးရဲလ်ဘက်သို့ ၄ ဂိုးသွင်းယူပေးခဲ့သူ လီဝမ်ဒေါစကီးက ပြောကြားသွားခဲ့သည်။

comments

error: Content is protected !!