ရုပ်သံဈေးကွက်အရ ပရီးမီးယားလိဂ်မှာ လာလီဂါ၏ အဓိကပြိုင်ဘက်ဟု ဘာစီလိုနာဥက္ကဋ္ဌ မှတ်ချက်ပြု
|
ဘာစီလိုနာဥက္ကဋ္ဌဘာတိုမြူက ကမ္ဘာ့ထိပ်တန်းအသင်းတစ်သင်းအဖြစ်ရပ်တည်ရန်အတွက် ဈေးကွက်ပိုင်းအရယှဉ်ပြိုင်ရာတွင် ပရီးမီးယားလိဂ်မှာ လာလီဂါ၏ အဓိကပြိုင်ဘက်ဖြစ်ကြောင်း၊ ဥရောပအဆင်ြ့ပိုင်ပွဲများတွင် လာလီဂါအသင်းအချို့အောင်မြင်နေသော်လည်း ပရိသတ်စိတ်ဝင်စားမှုအများဆုံးအဖြစ် ပရီးမီးယားလိဂ်ပြိုင်ပွဲက ရပ်တည်လျက်ရှိကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။
“ရုပ်သံထုတ်လွှင့်မှုပိုင်းဆိုင်ရာအရ လာလီဂါရဲ့အဓိကပြိုင်ဘက်က ပရီးမီးယားလိဂ်ပြိုင်ပွဲလို့ ပြောချင်ပါတယ်။ အက်ဖ်အေတာဝန်ရှိသူတွေအနေနဲ့ ရုပ်သံထုတ်လွှင့်ခွင့်ဆိုင်ရာမူဝါဒများအရ အသင်းတိုင်းအပေါ်အချိုးတူမျှဝေထားမှုကလည်း ပရိသတ်စိတ်ဝင်စားမှုအမြင့်ဆုံးအဖြစ်ရပ်တည်နေခဲ့တာပါ။ လာလီဂါမှာ ရီးရဲလ်၊ ဘာစီလိုနာတို့သာ အပြည့်အ၀ရရှိထားတဲ့ ရုပ်သံထုတ်လွှင့်မှုဥပဒေမူတွေကြောင့် စပိန်အသင်းအချို့အပေါ် ပြည်ပပရိသတ်စိတ်ဝင်စားမှုမှာ နည်းပါးနေတယ်လို့ ထင်ပါတယ်” ဟု ဘာစီလိုနာဥက္ကဋ္ဌဘာတိုမြူကမှတ်ချက်ပြုပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းအနေဖြင့် လာလီဂါပွဲစဉ်များအားပရိသတ်စိတ်ဝင်စားမှုပိုမိုမြင့်တက်ရန် တက္ကသိုလ်များတွင် လာလီဂါပွဲစဉ်များအား တိုက်ရိုက်အခမဲ့ပြသရန် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်လျက်ရှိသည်။ ထို့ပြင် အမေရိကန်နိုင်ငံတွင် ဘာစီလိုနာအသင်းအားပိုမိုအားပေးမှုများရရှိရန်အတွက် စည်းရုံးမှုများပြုလုပ်လျက်ရှိကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
Next : ၀ုဖ်ဘတ်နှင့်ပွဲတွင် ၉ မိနစ်အတွင်း ၅ ဂိုးသွင်းယူပြီး လီဝမ်ဒေါစကီးစံချိန်တင်