မေဂျာလိဂ် လစာအများဆုံးကစားသမားအဖြစ် ကာကာ ရပ်တည်နေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
481782644
အင်ပါယာစတိတ်အဆောက်အဦပေါ်တွင်တွေ့ရသည့် ကာကာ

ကမ္ဘာ့အကောင်းဆုံးကစားသမားဆုရရှိခဲ့ဖူးသည့် ဘရာဇီးလက်ရွေးစင်ကွင်းလယ်ကစားသမား ကာကာသည် မေဂျာလိဂ်ကစားသမားများအနက် လစာအများဆုံးရရှိသည့် ကစားသမားအဖြစ်ရပ်တည်လျက်ရှိကြောင်း မေဂျာလိဂ်စစ်တမ်းများအရ သိရသည်။

အော်လန်ဒိုစီးတီးအသင်းကွင်းလယ်လူ ကာကာသည် တစ်နှစ်လုပ်ခလစာအဖြစ် ကန်ဒေါ်လာ ၆.၆သန်း အထိရရှိနေခဲ့ခြင်းဖြစ်၍ ယခုကဲ့သို့ လစာငွေအများဆုံးကစားသမားအဖြစ် ရပ်တည်နေခြင်းဖြစ်သည်။ အသက်၃၃နှစ်အရွယ်ရှိ အော်လန်ဒိုစီးတီးကွင်းလယ်ကစားသမား ကာကာအနေဖြင့် လက်ရွေးစင်နည်းပြဒွန်ဂါ၏ တစ်ကျော့ပြန်ရွေးချယ်ခြင်းခံရသည်အထိ  ခြေစွမ်းပြနိုင်မှုများကြောင့် လစာငွေပိုမိုရရှိနေခြင်းဖြစ်ဟု မီဒီယာများမှဖော်ပြလျက်ရှိသည်။

အမေရိကန်မေဂျာလိဂ်တာဝန်ရှိသူများသည် ထိပ်သီးကစားသမားများအပေါ် အသင်းများမှပေးချေနေသည့် လစာငွေပမာဏနှင့်ပတ်သက်၍ စစ်တမ်းများကောက်ယူခဲ့ပြီး ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ထုတ်ပြန်ကြေညာခဲ့ရာတွင် ဥရောပထိပ်သီးကစားသမားအဖြစ်ရပ်တည်နိုင်ခဲ့သည့် ကာကာ၊ ဂျရတ်၊ လမ်းပတ်တို့ ထိပ်ဆုံးမှ ပါဝင်လာခဲ့ခြင်းဖြစ်သည်။

စစ်တမ်းများအရ ကာကာမှာ တစ်နှစ်လုပ်ခ ကန်ဒေါ်လာ ၆.၆သန်းရရှိလျက်ရှိပြီး ၎င်း၏နောက်တွင် အယ်လ်အေဂလက်ဆီကွင်းလယ်လူ ဂျရတ်က ၆.၂သန်းဖြင့်လည်းကောင်း၊ နယူးယောက်စီးတီးကွင်းလယ်လူ လမ်းပတ်က ၆ သန်းဖြင့်လည်းကောင်း လစာအများဆုံးရရှိသည့် ကစားသမားများအဖြစ် အစဉ်လိုက်ရပ်တည်လျက်ရှိနေသည်။ အခြားထိပ်သီးကစားသမားများဖြစ်သည့် ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဒရော့ဘာမှာ မွန်ထရီရယ်အင်ပတ်အသင်းတွင် တစ်နှစ်လုပ်ခ ကန်ဒေါ်လာ ၁.၆ သန်းရရှိလျက်ရှိပြီး အယ်လ်အေဂလက်ဆီကွင်းလယ်လူ ပီယာလိုမှာလည်း ၂သန်းကျော်ရရှိလျက်ရှိကြောင်း ထိုစစ်တမ်းတွင်ဖော်ပြခဲ့သည်။

comments

error: Content is protected !!