ကော်စတာ ၃ ပွဲပယ်ခံရပြီး ဂါဘရီရယ် ပွဲပယ်ပြစ်ဒဏ် ကင်းလွတ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
489096824
ဂါဘရီရယ်နှင့် ကော်စတာတို့ အချင်းများနေစဉ်

ယမန်နေ့က အက်ဖ်အေ၏ စွဲချက်တင်ခံရသော ချဲလ်ဆီးတိုက်စစ်မှူးဒီယေဂိုကော်စတာမှာ စည်းကမ်းထိန်းသိမ်းရေးကော်မရှင်၏ဆုံးဖြတ်ချက်ဖြင့် ၃ ပွဲပယ်ပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်းသိရှိရသည်။

အာဆင်နယ်နှင့်ချဲလ်ဆီးတို့ယှဉ်ပြိုင်ခဲ့သည့် အဆိုပါပွဲတွင် ကော်စတာဘက်မှ အာဆင်နယ်နောက်ခံလူ ကိုစီရယ်နီ၏မျက်နှာကို လက်ဖြင့်ရိုက်ခဲ့ပြီးနောက် ဂါဘရီရယ်နှင့် ထပ်မံအချင်းများခဲ့ပြီး ဂါဘရီရယ်ထုတ်ပယ်ခြင်းခံခဲ့ရသည်။

အဆိုပါပွဲကိုကြီးကြပ်ခဲ့သူ ကွင်းလယ်ဒိုင်မိုက်ဒင်းမှာ ကော်စတာက စတင်ရန်ပြုသည်ကိုမတွေ့ရှိခဲ့ဘဲ ဂါဘရီရယ်မှ ကော်စတာကို ရန်ပြုသည်ဆိုကာ ထုတ်ပယ်ခဲ့သည်။ သို့သော် အက်ဖ်အေမှ ရုပ်သံမှတ်တမ်းကို ပြန်လည်ကြည့်ရှုခဲ့ရာတွင် ဂါဘရီရယ်၏အပြုအမူမှာ အနီကတ်ပြစ်ဒဏ်နှင့်ထိုက်တန်ခြင်းမရှိဟု ဆုံးဖြတ်ကာ ၃ ပွဲပယ်ပြစ်ဒဏ်ကင်းလွတ်စေခဲ့ပြီး စတင်ရန်ပြုသူ ကော်စတာကို ၃ ပွဲပယ်ပြစ်ဒဏ်ပြန်လည်ချမှတ်ခဲ့သည်။ ယခုဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ချဲလ်ဆီးအသင်းမှ အက်ဖ်အေ၏ဆုံးဖြတ်ချက်အပေါ် အလွန်စိတ်ပျက်မိကြောင်းနှင့် အခြားသောထင်မြင်ချက်များမထွက်ပေါ်မီ အက်ဖ်အေမှ ခိုင်လုံသည့်အကြောင်းပြချက်ပေးရန်စောင့်မျှော်နေကြောင်း ပြောကြားခဲ့သည်။ ချဲလ်ဆီးအသင်းမှာ ဒီယေဂိုကော်စတာ၏ ၃ ပွဲပယ်ပြစ်ဒဏ်နှင့်ပတ်သက်၍ အက်ဖ်အေနှင့်တိုက်ပွဲဆင်နွှဲနေရချိန်တွင် အခြားစစ်မျက်နှာသစ်တစ်ခုအဖြစ် အသင်းမှထွက်ခွာသွားသော ဆရာဝန်အီဗန်ကာနီရိုဖြစ်ရပ်ကိုလည်း ရှင်းလင်းရဦးမည်ဖြစ်သည်။

အီဗန်ကာနီရိုမှာ ပြီးခဲ့သည့် ၆ ပတ်ခန့်က ကစားခဲ့သည့်ဆွမ်ဆီးနှင့်ပွဲတွင် ထိခိုက်ခဲ့သော ဟာဇက်ကို ဆေးကုသမှုပေးမှုအပေါ် ချဲလ်ဆီးနည်းပြမော်ရင်ညိုက အတွေ့အကြုံမရှိသူဟု ပြောကြားခဲ့သည့်အတွက် အသင်းဆေးအဖွဲ့မှထွက်ခွာခဲ့ခြင်းဖြစ်သည်။

၎င်းဖြစ်ရပ်တွင် မော်ရင်ညိုသုံးနှုန်းခဲ့သည့်စကားနှင့်ပတ်သက်၍
အက်ဖ်အေက ရင့်သီးရိုင်းစိုင်းမှုနှင့် ကျား၊ မခွဲခြားဆက်ဆံသည့် အပြုအမူသုံးစွဲခြင်းရှိ၊ မရှိ စောင့်ကြည့်လျက်ရှိကြောင်းသိရသည်။

comments

error: Content is protected !!