ယူရို-၂၀၁၆ ပြိုင်ပွဲအပြီး အီတလီနည်းပြကွန်တီ ရာထူးမှနုတ်ထွက်ဖွယ်ရှိဟု လစ်ပီသုံးသပ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
487136092
ဘူဂေးရီးယားနှင့်ခြေစစ်ပွဲတွင်တွေ့ရသည့် ကွန်တီ

အီတလီနည်းပြဟောင်းဖြစ်သူ မာဆယ်လိုလစ်ပီက လက်ရှိအီတလီလက်ရွေးစင်နည်းပြ ကွန်တီအနေဖြင့် ယူရို-၂၀၁၆ ပြိုင်ပွဲအပြီးတွင် အသင်းမှထွက်ခွာဖွယ်ရှိနေကြောင်း၊ စာချုပ်ချုပ်ဆိုထားသည့်အတိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲအထိ တာဝန်ယူကိုင်တွယ်မည်မဟုတ်ကြောင်း သုံးသပ်ပြောကြားသွားခဲ့သည်။

လက်ရှိအချိန်တွင် အီတလီဘောလုံးလောကလုပ်ပွဲအရှုပ်တော်ပုံတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် နည်းပြကွန်တီသည် လက်ရွေးစင်အသင်းအား ယူရိုခြေစစ်ပွဲအောင်မြင်ရန်အတွက် ရလဒ်ကောင်းများရရှိရန် စွမ်းဆောင်ပေးထားနိုင်သည်။

“နည်းပြတစ်ယောက်ရဲ့ အမြင်အရပြောမယ်ဆိုရင် ယူရို-၂၀၁၆ ပြိုင်ပွဲပြီးတာနဲ့ နည်းပြအဖြစ်ကနေ ကွန်တီနုတ်ထွက်ဖို့များပါတယ်။ ငယ်ရွယ်ထက်မြက်တဲ့ နည်းပြတစ်ယောက်အနေနဲ့ လက်ရွေးစင်အသင်းကနေ အတွေ့အကြုံအထိုက်အလျောက်ရခဲ့ပြီဆိုရင် ကလပ်အသင်းတွေကို တစ်ကျော့ပြန်ကိုင်တွယ်ချင်မှာပါ။ အဲဒီအတွက် ကမ္ဘာ့ဖလားပွဲစဉ်တွေအထိ တာဝန်ယူကိုင်တွယ်မှာမဟုတ်ပါဘူး” ဟု မာဆယ်လိုလစ်ပီက သုံးသပ်ပြောကြားခဲ့သည်။

နည်းပြကွန်တီအနေဖြင့်  ဂျူဗင်တပ်အသင်းအား ချန်ပီယံဆု ၃ ကြိမ်ဆက်တိုက်ရရှိအောင် စွမ်းဆောင်ပေးခဲ့သည့်အချိန်တွင် အသင်းတာဝန်ရှိသူအချို့နှင့်အတူ လုပ်ပွဲကစားရာတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲခံထားရပြီး စုံစမ်းစစ်ဆေးမှုများခံနေရသည်။

comments

error: Content is protected !!