ဘာလိုတယ်လီအား အပြီးသတ်ပြန်လည်ခေါ်ယူရန် အေစီမီလန် ဆန္ဒရှိနေ
|
အေစီမီလန်အသင်းတာဝန်ရှိသူများသည် အသင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌဘာလူစကိုနီ၏ မှတ်ချက်ပြောစကားကြောင့် လီဗာပူးအသင်းမှအငှားစာချုပ်ဖြင့်ခေါ်ယူထားသည့် တိုက်စစ်မှူး ဘာလိုတယ်လီအား အပြီးသတ်ပြန်လည်ခေါ်ယူရန်ဆန္ဒရှိ နေကြောင်း အီတလီမီဒီယာများမှဖော်ပြလျက်ရှိသည်။
ဘာလိုတယ်လီအနေဖြင့် အူဒီးနီးစ်အသင်းအား အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် အသင်းအတွက်ခြေစွမ်းပြကစာ နိုင်ခဲ့သည့် အပေါ် နည်းပြမီဟိုင်းလိုဗစ်က ချီးကျူးခဲ့သည့်အပြင် အသင်းဥက္ကဋ္ဌဘာလူစကိုနီကလည်း ချီးကျူးစကားဆိုခဲ့သည်။
အေစီမီလန်အသင်းအမှုဆောင်အရာရှိချုပ်ဂယ်လီယာနီက “အရေးပါတဲ့ ကစားသမားတစ်ယောက်အဖြစ် ဘာလိုတယ်လီ သက်သေပြနေတာပါ။ နည်းပြအနေနဲ့လည်း သူရဲ့ခြေစွမ်းအပေါ် ကျေနပ်မယ်လို့မျှော်လင့်မိပါတယ်။ အဲဒီအတွက် အပြီးပြန်ခေါ်ဖို့အထိတောင် ဥက္ကဋ္ဌက မှတ်ချက်ပြုခဲ့ပါတယ်” ဟု မီဒီယာများကို ထုတ်ဖော်ပြောကြားခဲ့ သည်။
အီတလီလက်ရွေးစင်တိုက်စစ်မှူး ဘာလိုတယ်လီကမူ အသင်းတာဝန်ရှိသူများ၏ ချီးကျူးမှုအတွက်ကျေနပ်မိ ကြောင်း၊ လီဗာပူးအသင်းတွင် မအောင်မြင်ခဲ့မှုများအပေါ် ပြန်လည်ကုစားရန်အတွက် အေစီမီလန်အသင်းတွင် ယုံကြည်မှုပြန်လည်တည်ဆောက်နေခြင်းဖြစ်ကြောင်း ဆိုခဲ့သည်။
Next : ဗီလာနှင့်ဘာမင်ဂမ်ယှဉ်ပြိုင်ခဲ့သည့် Capital One ဖလားပြိုင်ပွဲတွင် ပရိသတ် ၂၈ ဦးဖမ်းဆီးခံရ