ရတနာပုံကို ရှုံးနိမ့်ခဲ့သောကြောင့် နည်းပြရက်ဆစ် နှင့် လမ်းခွဲခြင်း မဟုတ်ဟု ရန်ကုန်အသင်း ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
2
ထွက်ခွာသွားသည့်နည်းပြရက်ဆစ်

ရန်ကုန်၊စက်တင်ဘာ ၂၂။

အောင်သော်ဖြိုး။

ရန်ကုန်အသင်းကို ၁၆ပွဲဆက် ရှုံးပွဲမရှိအောင် ကိုင်တွယ်ထားသည့် ဆားဘီယားလူမျိုး မီယိုဒရက်ရက်ဆစ်နှင့် ရန်ကုန်အသင်း စက်တင်ဘာ ၂၁ရက်နေ့က နှစ်ဦးသဘောတူ လမ်းခွဲခဲ့ခြင်းသည် ရက်ဆစ် နောက်ဆုံးကိုင်တွယ်ခဲ့သည့် ရတနာပုံအသင်းနှင့်ပွဲစဉ်တွင် ရှုံးနိမ့်ခဲ့ခြင်းနှင့်သက်ဆိုင်မှုမရှိဟု ရန်ကုန်အသင်းတာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ရက်ဆစ်လို ရန်ကုန်အသင်းကို နိုင်ပွဲအများကြီးရအောင် ဘယ်သူမှ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ သူ့ဘ၀ ရှေ့လျှောက်အောင်မြင်ပါစေ။ အသင်းသစ်မှာလည်း အဆင်ပြေပါစေလို့ ဆုတောင်းပါတယ်” ဟု ရန်ကုန်ယူနိုက်တက်အမှုဆောင်အရာရှိချုပ် ဦးမင်းဆွေဦး က ပြောသည်။

ရက်ဆစ်သည် ဥရောပကလပ်အသင်းတစ်သင်း၏ကမ်းလှမ်းမှုကို ရရှိခဲ့ကာ ရက်ဆစ်ကိုယ်တိုင် သွားရောက်ရန် ဆန္ဒရှိနေခဲ့ခြင်းကြောင့် ရန်ကုန်အသင်းက ယခုရာသီကုန်အထိ စာချုပ်သက်တမ်းကျန်ရှိသော်လည်း ရန်ကုန်အသင်း ချန်ပီယံဖြစ်ရန် အခွင့်အရေးများနေခြင်း၊ ရန်ကုန်အသင်းလက်ထောက်နည်းပြဖြစ်သူ ဦးတင်မောင်ထွန်းသည်လည်း အသင်းကို ကောင်းမွန်စွာ ထိန်းကျောင်းနိုင်မည် ဟု ယုံကြည်သောကြောင့် ရက်ဆစ်နှင့် နှစ်ဦးသဘောတူလမ်းခွဲခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်ယူနိုက်တက်က ကြေညာခဲ့သည်။

ရက်ဆစ်သည် ရန်ကုန်အသင်းကို ၂ဝ၁၅ နေရှင်နယ်လိဂ်မစမီ တစ်ပတ်အလိုတွင် လက်ထောက်နည်းပြဆာဒန် နှင့်အတူ ရောက်လာခဲ့ခြင်းဖြစ်ပြီး ရာသီဝက်တွင် ကြံ့ခိုင်ရေးနည်းပြ ဘိုဂျန် ထပ်မံရောက်ရှိလာခဲ့ပြီး ရက်ဆစ်နှင့်အတူ ဆာဒန်၊ ဘိုဂျန် တို့ပါ အသင်းမှ ထွက်ခွာမည် ဖြစ်သည်။

comments

error: Content is protected !!