Capital One ပြိုင်ပွဲတွင် ပွဲထွက်လူစာရင်းအပြောင်းအလဲလုပ်မည်ဟု ရာနီရေးနီ ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
489420848
လေ့ကျင့်ရေးကွင်းတွင်တွေ့ရသည့် ရာနီရေးနီ

လက်စတာနည်းပြရာနီရေးနီက Capital One ဖလားတတိယအဆင့်ပြိုင်ပွဲအဖြစ် ၀က်စ်ဟမ်းနှင့်ယှဉ်ပြိုင်မည့်ပွဲတွင် အသင်းပွဲထွက်လူစာရင်းကို  ကြီးကြီးမားမားအပြောင်းအလဲပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။

ရာနီရေးနီမှာ Capital One ဖလားပြိုင်ပွဲ ဒုတိယအဆင့်တွင် ဘာရီနှင့်ရင်ဆိုင်ခဲ့ရပြီး အဆိုပါပွဲ၌ အသင်းပွဲထွက်စာရင်းအပြောင်းအလဲပြုလုပ်ပြီး ၄-၁ ဂိုးဖြင့် အဝေးကွင်းနိုင်ပွဲရရှိခဲ့သည်။ အဆိုပါပွဲတွင် အသက် ၂၀ ရှိ တောင်ပံကစားသမား ဒိုဒိုက ဟတ်ထရစ်ဂိုးသွင်းယူပေးနိုင်ခဲ့သည်။

ထို့ကြောင့် အီတလီလူမျိုးနည်းပြအနေဖြင့် ယခုကစားမည့်ပွဲတွင်လည်း ကြီးမားသည့်အပြောင်းအလဲပြုလုပ်၍ အာဆင်နယ်၊ လီဗာပူး၊ မန်စီးတီးတို့၏ အိမ်ကွင်းတွင်အနိုင်ယူထားသော ၀က်စ်ဟမ်းကို အကောင်းဆုံးယှဉ်ပြိုင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ရာနီရေးနီက ”ကစားသမားအများစုကို ကျွန်တော်အပြောင်းအလဲလုပ်မှာပါ။ ကျွန်တော့်အထင် ပြီးခဲ့တဲ့ ဒုတိယအဆင့်တုန်းကလိုပဲ ကစားသမားအပြောင်းအလဲက ပိုချင်ပိုနိုင်သလို နည်းချင်းလည်းနည်းနိုင်ပါတယ်။ သူတို့ဟာ ကစားသမားကောင်းတွေဖြစ်သလို အခုပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ ထိုက်တန်တဲ့သူတွေလည်းဖြစ်ပါတယ်။ ကစားသမားတွေကို အလှည့်ကျသုံးတာဟာ သူတို့အတွက်လည်း ခြေစွမ်းပြဖို့ အခွင့်အရေးပိုရနိုင်ပါတယ်။ ကစားသမားတွေအနေနဲ့ ပြင်းပြင်းထန်ထန်အာရုံစူးစိုက်ထားတာကို ကျွန်တော်လိုချင်တယ်။ အာရုံစူးစိုက်မှုဟာ ဘောလုံးကစားနည်းအတွက် အလွန်ကို အရေးကြီးတဲ့အချက်ပါ”ဟု ပြောကြားသွားခဲ့သည်။

comments

error: Content is protected !!