ဂျူဗင်တပ်နှင့်အတူ အင်တာမီလန်၊ ရိုးမားတို့သာ ချန်ပီယံဆုရရန် အခြေအနေရှိဟု အီတလီနည်းပြဟောင်း ပရင်ဒယ်လီသုံးသပ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
459624014
ဂါလာတာစာရေးကိုတာဝန်ယူစဉ်ကတွေ့ရသည့် ပရင်ဒယ်လီ

အီတလီလက်ရွေးစင်နည်းပြဟောင်းဖြစ်သူ ပရင်ဒယ်လီက လက်ရှိစီးရီးအေချန်ပီယံဆုအတွက် လက်ရှိချန်ပီယံ ဂျူဗင်တပ်အသင်းအပြင် အင်တာမီလန်နှင့် ရိုးမားအသင်းတို့သာ ချန်ပီယံဆုအတွက် အခြေအနေအကောင်းဆုံးအသင်းများဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

 

လက်ရှိအမှတ်ပေးဇယားတွင် ရာနှုန်းပြည့်အနိုင်ရလဒ်ဖြင့် ဦးဆောင်နေသည့် အင်တာမီလန်အသင်းနည်းပြ မန်စီနီကမူ ချန်ပီယံအသင်းအဖြစ်သတ်မှတ်ရန် အချိန်စောလွန်းသေးကြောင်း ၀န်ခံပြောကြားထားခဲ့သော်လည်း နွေရာသီအပြောင်းအရွှေ့တွင် မှန်ကန်သည့်ကစားသမားအင်အားဖြည့်တင်းမှုများကြောင့် ချန်ပီယံအသင်းစာရင်းတွင် နည်းပြပရင်ဒယ်လီက ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း မီဒီယာများမှဖော်ပြခဲ့ကြ သည်။

 

“အမှတ်ပေးဇယားထိပ်ပိုင်းမှာဦးဆောင်နေတဲ့အသင်းက ချန်ပီယံဆုကို ရယူဖို့ အခွင့်အရေးအများဆုံးပါပဲ။ ဒါပေမဲ့ လက်ရှိချန်ပီယံဂျူဗင်တပ်အသင်းကိုလည်း မေ့ထားလို့မရပါဘူး။ နွေရာသီကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း ကစားသမားကောင်းတွေခေါ်ယူခဲ့တဲ့အသင်းတိုင်း ချန်ပီယံဆုကိုမျှော်လင့်နိုင်မယ်လို့ ထင်ပါတယ်။ အထူးသဖြင့် ချန်ပီယံဆုအတွက် လက်ရှိချန်ပီယံ ဂျူဗင်တပ်၊ အင်တာမီလန်၊ ရိုးမားအသင်းတို့က အခြေအနေအကောင်းဆုံးပါပဲ”ဟုအီတလီလက်ရွေးစင်နည်းပြဟောင်းဖြစ်သူ ပရင်ဒယ်လီ က သုံးသပ်ပြောကြားခဲ့သည်။

 

၂၀၁၅-၁၆ ဘောလုံးရာသီ စီးရီးအေပွဲစဉ် ၄ အပြီးတွင် လက်ရှိချန်ပီယံ ဂျူဗင်တပ်အသင်းအနေဖြင့် ရလဒ်ဆိုးများကြား ရုန်းကန်ရလျက်ရှိသော်လည်း ရိုးမားအသင်းနှင့်အင်တာမီလန်အသင်းတို့မှာမူ ရှုံးပွဲရလဒ်များ ဖြင့် အမှတ်ပေးဇယားအား ဦးဆောင်လျက်ရှိသည်။

comments

error: Content is protected !!