ကော်တင်ညိုအား ဘာစီလိုနာသို့ပြောင်းရွှေ့ရန် လက်ရွေးစင်အသင်းဖော် နေမာ ကမ်းလှမ်းခဲ့

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
489365568
လီဗန်တေးနှင့်ပွဲစဉ်ကတွေ့ရသည့် နေမာ

ဘာစီလိုနာအသင်း၏ အဓိကတိုက်စစ်မှူးဖြစ်သူ နေမာက ဘရာဇီးလက်ရွေးစင်အသင်းဖော်ဖြစ်သည့် လီဗာပူးတောင်ပံကစားသမားကော်တင်ညို၏ ခြေစွမ်းမှာ ဘာစီလိုနာအသင်းနှင့် ထိုက်တန်ကြောင်း၊ ဘာစီလိုနာအသင်းတွင် လက်တွဲပြီး အောင်မြင်မှုများစွာ ရယူလိုကြောင်း ဖွင့်ဟပြောကြားသွားခဲ့ သည်။

ဆောင်းရာသီကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် လီဗာပူးတောင်ပံကစားသမားကော်တင်ညိုအား ခေါ်ယူဖွယ်ရှိနေသည်ဟု သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် နေမာအနေဖြင့် ယခုကဲ့သို့ ကမ်းလှမ်းဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

“ကော်တင်ညိုက ထိပ်သီးအသင်းတွေနဲ့ ထိုက်တန်တဲ့ခြေစွမ်းကို ပိုင်ဆိုင်ထားတဲ့ကစားသမားတစ်ဦးပါ။ ဘရာဇီးရဲ့အကောင်းဆုံးတောင်ပံကစားသမားတစ်ဦးဖြစ်သလို အသင်းဖော်တွေနဲ့လည်း လိုက်လျောညီထွေကစားနိုင်တဲ့သူလို့ ပြောလို့ရပါတယ်။ အသက်အရွယ်နဲ့ မလိုက်အောင် လျင်မြန်မှုအသားပေးကစားနိုင်တဲ့အပြင် တိကျတဲ့ဂိုးကန်သွင်းမှု အစရှိတဲ့အရည်အချင်းတွေကြောင့် ဘာစီလိုနာအသင်းမှာ အတူလက်တွဲကစားလိုပါတယ်” ဟု နေမာက ဆိုခဲ့သည်။

ဘရာဇီးလက်ရွေးစင်ကွင်းလယ်ကစားသမားဖြစ်သူ ကော်တင်ညိုသည် လီဗာပူးအသင်းအသင်းဖော်ဟောင်းဖြစ်သူ ဆွာရက်ဇ်၏ ကမ်းလှမ်းမှုအား လက်ခံရရှိခဲ့ပြီးနောက် လက်ရွေးစင်အသင်းဖော်ဖြစ်သူ နေမာ၏ ကမ်းလှမ်းမှုအား ထပ်မံရရှိခဲ့သဖြင့် အပြောင်းအရွှေ့ဖြစ်ပေါ်လာရန် နီးစပ်နေပြီဟု စပိန်မီဒီယာအချို့မှ ဖော်ပြလျက်ရှိသည်။

comments

error: Content is protected !!