ပြည်တွင်းလိဂ်ပွဲစဉ်တွင် ကြမ်းတမ်းသည် ဖျက်ထုတ်မှုများထပ်မံပြုလုပ်ခဲ့သည့် မိုရီနိုအပေါ် ဝေဖန်မှုများ မြင့်တက်လာ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
489320154
ဟာကျူလီနှင့်ပွဲအပြီးတွင်တွေ့ရသည့် မိုရီနို

ပီအက်စ်ဗီအသင်း၏ မက္ကဆီကိုလက်ရွေးစင်နောက်ခံလူ မိုရီနိုသည် မန်ယူအသင်းနှင့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် အင်္ဂလန်လူငယ်နောက်ခံလူ လုခ်ရှောကကို ကြမ်းတမ်းစွာဖျက်ထုတ်ခဲ့ခြင်းကြောင့် ပရိသတ်အချို့၏ဝေဖန်မှုများခံခဲ့ရပြီးနောက် ပြည်တွင်းပွဲစဉ်အဖြစ်ကစားခဲ့သည့် ဟာကျူလီအသင်းနှင့်ပွဲစဉ်တွင် ကြမ်းတမ်းသည့်ဖျက်ထုတ်မှုများ ထပ်မံပြုလုပ်ခဲ့သဖြင့် ဝေဖန်မှုများပိုမိုမြင့်တက်လာကြောင်း မီဒီယာများကဖော်ပြခဲ့သည်။

ဟာကျူလီအသင်းနှင့်ပွဲစဉ်တွင် ပီအက်စ်ဗီနောက်ခံလူ မိုရီနိုမှာ ပြိုင်ဘက်အသင်းတောင်ပံကစားသမားဖြစ်သူ တန်နာနီအား အန္တရာယ်ရှိသည့် ကြမ်းတမ်းစွာဖျက်ထုတ်မှုပြုလုပ်ခဲ့သော်လည်း အရေးယူခံရခြင်းမရှိခဲ့ပေ။ ယင်းကဲ့သို့ဖျက်ထုတ်ခြင်းခံခဲ့ရသည့် ဟာကျူလီအသင်းတောင်ပံကစားသမားဖြစ်သူ တန်နာနီသည် ပြင်းထန်သည့် ဒူးဒဏ်ရာရရှိခဲ့ပြီး ကာလရှည်အနားယူရမည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်။

နောက်ခံလူမိုရီနိုသည် မန်ယူအသင်းနှင့်ပွဲစဉ်တွင်လည်း ကြမ်းတမ်းစွာဖျက်ထုတ်မှုများပြုလုပ်ခဲ့သည့်အတွက် မန်ယူနောက်ခံလူလုခ်ရှောမှာ ခြေထောက်ကျိုးသွားခဲ့ပြီး ၆ လကြာအနားယူရမည့်အခြေအနေနှင့်ရင်ဆိုင်ခဲ့ရသည်။ ထို့ပြင် ဟာကျူလီအသင်းတောင်ပံကစားသမားဖြစ်သူ တန်နာနီမှာလည်း အဆိုပါဒူးဒဏ်ရာကြောင့် ၄ လခန့်အနားယူရဖွယ်ရှိနေကြောင်းလည်း ဟာကျူလီအသင်းဆေးအဖွဲ့မှ အတည်ပြုခဲ့သည်။

comments

error: Content is protected !!