ဆိုးသွမ်းပရိသတ်များအား ပရိသတ်အချင်းချင်းပူးပေါင်းပညာပေးရန်လိုအပ်ကြောင်း မာဆေးဥက္ကဋ္ဌ ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
453754828
ယူအီးအက်ဖ်အေဥက္ကဋ္ဌပလာတီနီ(၀ဲ)နှင့်အတူတွေ့ရသည့် မာဆေးဥက္ကဋ္ဌ

မာဆေးအသင်းဥက္ကဋ္ဌ ဗင်းဆင့်လာဘရူနီက လိုင်ယွန်အသင်းနှင့် ပွဲစဉ်တွင် ဆိုးရွားစွာအားပေးခဲ့သည့် ပရိသတ်များအား ထိန်းသိမ်းရန်အတွက် အသင်းပရိသတ်အချင်းချင်း ပူးပေါင်းပညာပေးရန် လိုအပ်ကြောင်း၊ ကွင်းအတွင်း လုံခြုံရေးပိုမိုတင်းကျပ်ရန်လည်း အသင်းအနေဖြင့် ကြိုးစားသွားမည်ဖြစ်ကြောင်း မီဒီယာများအား ပြောကြားခဲ့သည်။

လိုင်ယွန်အသင်းနှင့် ပွဲစဉ်တွင် ဆိုးသွမ်းပရိသတ်အချို့အနေဖြင့် ပြိုင်ဘက်အသင်းထံပြောင်းရွှေ့ခဲ့ သည့် မာဆေးကစားသမားဟောင်းဖြစ်သူ ဗယ်ဘူနာအပေါ် အဓိကထားတိုက်ခိုက်ခဲ့ပြီး ကွင်းအတွင်းသို့အရာဝတ္ထုများဖြင့် ပစ်ပေါက်ခဲ့ကြခြင်းဖြစ်သည်။ ယင်းဖြစ်ရပ်အပေါ် ပြင်သစ်အားကစားဝန်ကြီးက ဝေဖန်ပြစ်တင်ခဲ့ပြီး ယူရို-၂၀၁၆ ပွဲစဉ်တွင် ယခုကဲ့သို့ ဖြစ်ရပ်မျိုးထပ်မံမဖြစ်ပွားရန် အရေးကြီးကြောင်း သတိပေးပြောကြားခဲ့သည်။

“ဆိုးသွမ်းပရိသတ်တွေကို ထိန်းသိမ်းနိုင်ဖို့ဆိုတာ ပရိသတ်အချင်းချင်း ပူးပေါင်းပညာပေးမှ အဆင်ပြေမယ်ထင်ပါတယ်။ လက်ရှိအချိန်အထိ အသင်းအမာခံ ပရိသတ် ၆၀ လောက်ကို ပူးပေါင်းပါဝင်ဖို့ကမ်းလှမ်းခဲ့ပြီးပါပြီ။ အဓိကရည်ရွယ်ချက်က ဆိုးသွမ်းပရိသတ်တွေကို ပရိသတ်အချင်းချင်း ထိန်းသိမ်းဖို့ပါပဲ။ ကွင်းတွင်းလုံခြုံရေးအပြည့်ချထားပေမယ့် ပရိသတ်အားလုံးကို ထိန်းသိမ်းထားဖို့ဆိုတာ မလွယ်ကူပါဘူး။ အထူးသဖြင့် ပရိသတ် ၅ သောင်းကျော်ကို ထောင်ဂဏန်းလောက်ရှိတဲ့ လုံခြုံရေးအရာရှိတွေက အပြည့်အ၀မထိန်းသိမ်းနိုင်တာတော့ အမှန်ပါ”ဟု မာဆေးအသင်းဥက္ကဋ္ဌ ဗင်းဆင့်လာဘရူနီက ဆိုခဲ့သည်။

၂၀၁၆ ဇွန် ၁၀ရက်နေ့တွင် စတင်ကျင်းပမည့် ယူရို-၂၀၁၆ ပြိုင်ပွဲတွင် မာဆေးအသင်း၏ အိမ်ကွင်းတွင် ဗယ်လိုဒရိုမီကွင်းအနေဖြင့် အုပ်စုပွဲစဉ် ၄ ပွဲအပါအ၀င် ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နှင့် တတိယနေရာလုပွဲများကျင်းပရန် ရွေးချယ်ခံထားရသည့်အတွက် ပြင်သစ်အားကစားဝန်ကြီး သီယာရီဘီယာလက်ဒ်က လုံခြုံရေးပိုမိုတင်းကျပ်ရန် သတိပေးခဲ့ခြင်းဖြစ်သည်။

comments

error: Content is protected !!