၎ ပွဲဆက်တိုက် အနိုင်ရရှိရုံဖြင့် မလုံလောက်သေးကြောင်း အင်တာမီလန်နည်းပြ ၀န်ခံ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
489444106
ချီယေဗိုနှင့်ပွဲစဉ်တွင် အသင်းသားများကိုညွှန်ကြားနေသည့် မန်စီနီ

အင်တာမီလန်နည်းပြ မန်စီနီက စီးရီးအေပွဲစဉ်များတွင် ၄ ပွဲဆက်တိုက် နိုင်ရရှိရုံဖြင့် ချန်ပီယံအသင်းအဖြစ် ရပ်တည်ရန် မလုံလောက်သေးကြောင်း၊ ပထမအကြိမ်တာဝန်ယူကိုင်တွယ်ခဲ့စဉ်က အောင်မြင်မှုများနှင့်လည်း မနှိုင်းယှဉ်သင့်သေးကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်။

လက်ရှိစီးရီးအေပွဲစဉ် ၄ ပွဲအပြီးတွင် ရာနှုန်းပြည့်နိုင်ပွဲနှင့်အတူ အမှတ်ပေးဇယားအားဦးဆောင်နေသည့် အင်တာမီလန်အသင်းမှာ မီဒီယာများ၏ ချီးမွမ်းရေးသားမှုများခံနေရသည့်အပြင် အီတလီဝါရင့်နည်းပြများဖြစ်သည့် ပရင်ဒယ်လီအပါအ၀င် ထိပ်တန်းနည်းပြများကလည်း ချန်ပီယံလောင်းအသင်းအဖြစ် မှတ်ချက်ပြုမှုခံထားရသည်။

“အသင်းကို ပထမအကြိမ်ကိုင်တွယ်ခဲ့စဉ်က အခြေအနေနဲ့ မနှိုင်းယှဉ်စေချင်ပါတယ်။ အသင်းအနေနဲ့ ပြောင်းလဲမှုတွေအများကြီးပြုလုပ်ထားတယ်ဆိုပေမယ့် လိုအပ်ချက်တွေအများကြီးရှိနေပါသေးတယ်။ ၄ ပွဲ ဆက်တိုက်အနိုင်ရရှိရုံနဲ့ မလုံလောက်သေးပါဘူး။ ပိုမိုတောင့်တင်းတဲ့ လူစာရင်းနဲ့အတူ ချန်ပီယံဆုအတွက် အခက်အခဲတွေဖြတ်ကျော်ရဦးမှာပါ” ဟု အင်တာမီလန်နည်းပြ မန်စီနီက မီဒီယာများထံ ၀န်ခံပြောကြားသွားခဲ့သည်။

အင်တာမီလန်နည်းပြမန်စီနီအနေဖြင့် အသင်းအား ပထမအကြိမ်အဖြစ်တာဝန်ယူကိုင်တွယ်ခဲ့သည့် ၂၀၀၄ မှ ၂၀၀၈ အတွင်း ၂၀၀၅-၀၆၊ ၂၀၀၆-၀၇၊ ၂၀၀၇-၀၈ ခုနှစ်များတွင် စီးရီးအေစကူဒက်တိုချန်ပီယံဆုအား ၃ နှစ်ဆက်တိုက်ရယူပေးနိုင်ခဲ့သည်။ ထို့ပြင် ၎င်းအနေဖြင့် ၂၀၀၄-၀၅၊ ၂၀၀၅-၀၆ နှစ်များတွင် ကိုပါအီတလီယာဖလားအားလည်းကောင်း၊ အီတလီစူပါဖလားအား ၂၀၀၅၊ ၂၀၀၆ နှစ်များတွင်လည်းကောင်း ရယူပေးနိုင်ခဲ့သည့် ထိပ်တန်းနည်းပြတစ်ဦးဖြစ်သည်။

comments

error: Content is protected !!