ဂွါဒီယိုလာမှာ ဉာဏ်များသူဖြစ်ကြောင်း ၀ုဖ်ဘတ်အသင်းဖော်များကို နောက်ခံလူဒန်တီ သတိပေး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
486146584
သတင်းစာရှင်းလင်းပွဲတွင်တွေ့ရသည့် ဒန်တီ

ဘွန်ဒက်စ်လီဂါပွဲကောင်းတစ်ပွဲအဖြစ် ယနေ့ညတွင်ကစားမည့် ဘိုင်ယန်မြူးနစ်နှင့်ဝုဖ်ဘတ်ပွဲတွင် ဘိုင်ယန်နည်းပြဂွါဒီယိုလာမှာ ထင်မှတ်မထားသည့်အနေအထားမှ တိုက်ခိုက်တတ်သူဖြစ်ကြောင်း ၀ုဖ်ဘတ်နောက်ခံလူဒန်တီက အသင်းဖော်များအား သတိပေးပြောကြားလိုက်သည်။

ဘိုင်ယန်မြူးနစ်နှင့် ၀ုဖ်ဘတ်တို့မှာ ပြီးခဲ့သည့်ဘောလုံးရာသီတွင် အမှတ်ပေးဇယား၌ အထက်၊ အောက်ရပ်တည်ခဲ့သူများဖြစ်ပြီး ယခုနှစ်တွင် ဒေါ့မွန်မှာ အမှတ်ပေးဇယားကိုဦးဆောင်ထားပြီး ဘိုင်ယန်မြူးနစ်က ဒုတိယနှင့် ၀ုဖ်ဘတ်မှာ တတိယနေရာတွင် ရပ်တည်နေသောကြောင့် ပြိုင်ဆိုင်မှုပြင်းထန်လျက်ရှိသည်။

ထို့ကြောင့် ဘိုင်ယန်ကစားသမားဟောင်းဒန်တီက ယနေ့ညတွင် အသင်းဟောင်းနှင့် ပထမဆုံးပြန်လည် ရင်ဆိုင်ရမည့်ပွဲ၌ ဂွါဒီယိုလာ၏ နည်းဗျူဟာအပေါ် စိတ်ပူပန်နေခြင်းဖြစ်သည်။

ဒန်တီက ဂွါဒီယိုလာနှင့် ၎င်းတို့ကြားတွင် မည်သည့်ပြဿနာမှမရှိဟုဆိုခဲ့ပြီး ”ဂွါဒီယိုလာ့အကြောင်း ကျွန်တော်ဘယ်တုန်းကမှ မပြောဖူးပါဘူး။ ဒါပေမဲ့ ကျွန်တော်က အရူးမဟုတ်ဘူးလို့တော့ပြောချင်တယ်”ဟု ပြောကြားသွားခဲ့သည်။

comments

error: Content is protected !!