အာဆင်နယ်နှင့်ပွဲတွင် ကော်စတာဘက်မှ စတင်ရန်ပြုသည်ဟု အက်ဖ်အေစွဲချက်တင်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
489096940
အာဆင်နယ်နှင့်ပွဲကတွေ့ရသည့် ဒီယေဂိုကော်စတာ

ပြီးခဲ့သည့် စနေနေ့က အာဆင်နယ်အသင်းနှင့်ကစားခဲ့သည့် လန်ဒန်ဒါဘီပွဲစဉ်တွင် ချဲလ်ဆီးတိုက်စစ်မှူးဒီယေဂိုကော်စတာဘက်မှ စတင်ရန်ပြုခဲ့ခြင်းဖြစ်သည်ဟု အက်ဖ်အေက စွဲချက်တင်လိုက်သည်။

အဆိုပါပွဲတွင် အသက် ၂၆ နှစ်ရှိကော်စတာဘက်မှ အာဆင်နယ်နောက်ခံလူ ကိုစီရယ်နီ၏ မျက်နှာကို ဘောလုံးယှဉ်လုစဉ်လက်ဖြင့်ရိုက်ခဲ့သည့်ဖြစ်ရပ်အပါအ၀င် ဂါဘရီရယ်နှင့်ပါ အချင်းများခဲ့ခြင်းဖြစ်သည်။

ထို့အပြင်အက်ဖ်အေက အသက် ၂၄ နှစ်ရှိ နောက်ခံလူဂါဘရီရယ်အပါအ၀င် နှစ်ဖက်အသင်းများကိုလည်း ၎င်းတို့၏ ကစားသမားများအပေါ် ကောင်းစွာမထိန်းချုပ်နိုင်ခြင်းနှင့်ပတ်သက်၍ စွဲချက်တင်ထားကြောင်းသိရသည်။

အက်ဖ်အေ၏ကြေညာချက်တွင် ”ပွဲကြီးကြပ်သူမှ မြင်တွေ့မှုမရှိသော်လည်း ရုပ်သံမှတ်တမ်းအရ ဦးဆောင်ရန်ပြုမှုဖြင့် ဒီယေဂိုကော်စတာ စွဲချက်တင်ခံရမည်။ အဆိုပါချဲလ်ဆီးတိုက်စစ်မှူးမှာ ပွဲချိန် ၃၄ မိနစ်တွင် အာဆင်နယ်နောက်ခံလူ ကိုစီရယ်နီနှင့်အချင်းများမှုတွင် ပါဝင်ပတ်သက်ခဲ့ခြင်းဖြစ်သည်။ စွဲချက်နှင့်ပတ်သက်၍ ကော်စတာဘက်မှ ယနေ့ ည ၆ နာရီ နောက်ဆုံးထား၍ ပြန်ကြားခွင့်ရှိသည်။ ယခုဖြစ်ရပ်နှင့်ပတ်သက်၍ မြင်တွေ့ခြင်းမရှိခဲ့သော ပွဲကြီးကြပ်သူများကိုလည်း အဆင့်မြင့်ဒိုင်လူကြီးဟောင်း ၃ ဦးပါဝင်သည့် ခုံရုံးအဖွဲ့က မေးမြန်းစစ်ဆေးမှုပြုလုပ်မည်ဖြစ်သည်”ဟု ဖော်ပြခဲ့သည်။

ဒီယေဂိုကော်စတာနှင့်ပတ်သက်၍ ယနေ့ချမှတ်လိုက်သည့် အက်ဖ်အေ၏စွဲချက်အပေါ် ချဲလ်ဆီးအသင်းမှ အယူခံဝင်မည် ဖြစ်ကြောင်းသိရှိရပြီး အာဆင်နယ်အသင်းကလည်း နောက်ခံလူဂါဘရီရယ်၏ထုတ်ပယ်ခံရမှုနှင့် ၃ ပွဲပယ်ပြစ်ဒဏ်အပေါ် အယူခံဝင်မည်ဖြစ်ကြောင်းသိရှိရသည်။

ယခုစွဲချက်တွင် ကော်စတာအပြစ်ရှိကြောင်း တွေ့ရှိပါက အက်ဖ်အေစည်းကမ်းထိန်းသိမ်းရေးခုံရုံး၏ ဆုံးဖြတ်ချက်ဖြင့် ၃ ပွဲပယ်ပြစ်ဒဏ်ခံရမည်ဖြစ်သည်။

comments

error: Content is protected !!