စပါးနှင့်ပွဲတွင် ကိုကွီလင်မပါဝင်နိုင်သော်လည်း မာတီဆက်ကာပွဲထွက်မည်ဟု အာစင်ဝင်းဂါးပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
489092968
ချဲလ်ဆီးနှင့်ပွဲက ဒဏ်ရာကြောင့် ကွင်းအတွင်းကုသမှုခံယူနေသည့် ကိုကွီလင်

ချဲလ်ဆီးနှင့်ကစားခဲ့သည့်ပွဲတွင် ဒူးဒဏ်ရာရရှိခဲ့သော ကွင်းလယ်လူကိုကွီလင်မှာ Capital One တတိယအဆင့်ဖြစ်သည့် စပါးနှင့်ကစားမည့်ပွဲကို လွဲချော်မည်ဖြစ်သော်လည်း နောက်ခံလူမာတီဆက်ကာ ပြန်လည်ပွဲထွက်မည်ဟု အာဆင်နယ်နည်းပြအာစင်ဝင်းဂါက ပြောကြားသွားခဲ့သည်။

အာဆင်နယ်အသင်းမှာ Capital One ပြိုင်ပွဲတွင် လူငယ်အရန်ကစားသမားများကို ပွဲထုတ်လေ့ရှိသည့် အစဉ်အလာအတိုင်း ယခုပွဲတွင်လည်း တိုက်စစ်နေရာ၌ အရန်ကစားသမားဖြစ်သော အိုင်ဝိုဘီကို ပွဲထုတ်လာနိုင်ကြောင်းသိရှိရသည်။

လန်ဒန်မြောက်ပိုင်းဒါဘီပွဲအဖြစ် စပါးနှင့်ယှဉ်ပြိုင်မည့် ယခုပြိုင်ပွဲ၏ ပွဲထွက်စာရင်းနှင့်ပတ်သက်၍ အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက ”ကိုကွီလင်မပါဝင်နိုင်ပေမယ့် တခြားကစားသမားတွေကတော့ ပြဿနာကြီးကြီးမားမားမရှိပါဘူး။ ပုံမှန်ပွဲထွက်စာရင်းအတိုင်းကစားမှာပါ။ ကိုကွီလင်ရဲ့ ဒူးဒဏ်ရာမသက်သာသေးတော့ ကစားဖို့စဉ်းစားနေရတုန်းပါ။ ဒါပေမဲ့ ဒီပြဿနာက အချိန်ခဏပဲကြာမယ်လို့ မျှော်လင့်ပါတယ်။ မာတီဆက်ကာကတော့ ပွဲထွက်ကစားဖို့ အဆင်သင့်ဖြစ်နေပါပြီ။ အိုင်ဝိုဘီနဲ့ ပတ်သတ်လို့ ပြောရမယ်ဆိုရင် ကျွန်တော်တို့ ပွဲစဉ်တစ်ပွဲပြီးတစ်ပွဲ အပြောင်းအလဲလုပ်သွားမှာပါ။ ဘယ်လောက်အပြောင်းအလဲလုပ်မလဲဆိုတာကတော့ အတိအကျမပြောနိုင်သေးပါဘူး။ အတွေ့အကြုံရင့်ကစားသမားတွေနဲ့အတူ လူငယ်ကစားသမား ၁ ဦး ဒါမှမဟုတ် ၂ ဦးလောက်ထည့်သွင်းကစားဖို့ရှိပါတယ်။ ကိုကွီလင် ပါနိုင်၊ မပါနိုင်ကတော့ ၅၀-၅၀ ပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အတွက် အဝေးကွင်းပွဲစဉ်တွေကစားဖို့ကျန်ပါသေးတယ်။ သူကတော့ အကောင်းဆုံးဖြစ်အောင်ကြိုးစားနေပါတယ်”ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!