တံကောက်ကြောဒဏ်ရာကြောင့် အသင်းဟောင်းဗီလာနှင့်ပွဲကို ဘန်တီကီလွဲချော်နိုင်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
489297450
နောဝစ်ခ်ျနှင့်ပွဲစဉ်တွင်တွေ့ရသည့် ဘန်တီကီ

လီဗာပူးတိုက်စစ်မှူးဘန်တီကီမှာ ဓာတ်မှန်စစ်ချက်တွင် တံကောက်ကြောဒဏ်ရာပြဿနာတွေ့ရှိပြီးနောက် ကာလစ်လီနှင့်ကစားမည့် Capital One ဖလားပြိုင်ပွဲကိုသာမက အသင်းဟောင်းဗီလာနှင့်ကစားမည့်ပွဲကိုပါ လွဲချော်နိုင်ကြောင်းသိရသည်။

ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ်နောဝစ်ခ်ျနှင့်ကစားခဲ့သည့်ပွဲတွင် ယခုနှစ်နွေရာသီ၌ ဗီလာမှ ပေါင် ၃၂.၅ သန်းဖြင့် ပြောင်းရွှေ့လာသော ဘန်တီကီမှာ အဆိုပါတံကောက်ကြောဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပွဲချိန် ၄၆ မိနစ်တွင် ဒန်နီအင့်စ်နှင့် လူစားလဲခဲ့ရသည်။

ဘန်တီကီ၏ ဒဏ်ရာနှင့်ပတ်သက်၍ လူငယ်အသင်းနည်းပြ မက်အယ်လစ်တာက ”ဘန်တီကီရဲ့ ဒဏ်ရာကို ဓာတ်မှန်ရိုက်စစ်ဆေးခဲ့ပါတယ်။ မနက်ဖြန်မှာကစားမယ့် ကာလစ်လီနဲ့ပွဲအတွက် အဆင်သင့်မဖြစ်နိုင်ဘူး” ဟု အတည်ပြုပြောကြားခဲ့သည်။

လီဗာပူးမှာ နောဝစ်ခ်ျနှင့်ပွဲတွင် ဘန်တီကီအစားလူစားဝင်ပြီး အဖွင့်ဂိုးသွင်းယူပေးခဲ့သူ ဒန်နီအင့်စ်ကို ကာလစ်လီနှင့်ပွဲတွင် ထည့်သွင်းအသုံးပြုဖွယ်ရှိနေပြီး အဆိုပါကစားသမားနှင့်ပတ်သက်၍ လူငယ်အသင်းနည်းပြမက်အယ်လစ်တာက ”ဒန်နီအင့်စ်ရဲ့ကွဲပြားခြားနားတဲ့ စွမ်းဆောင်ရည်ကို ကျွန်တော်တို့မြင်ခဲ့ရတယ်။ လေ့ကျင့်ခန်းအစီအစဉ်မှာ နေ့တိုင်းအကောင်းဆုံးလုပ်နေသလို သူသွင်းယူတဲ့ဂိုးကလည်း တကယ်ကိုထိုက်တန်ပါတယ်။ သူသွင်းယူပေးခဲ့တဲ့ဂိုးက ကြက်ကန်းဆန်အိုးတိုးခဲ့တာမဟုတ်ပါဘူး။ အဲဒီပွဲမှာ သူအကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့လို့ပါ”ဟု ပြောကြားသွားခဲ့သည်။

comments

error: Content is protected !!