ဖီနာဘာချီအသင်းအတွက် ပွဲထွက်ကစားခွင့်ရရှိလိုကြောင်း တိုက်စစ်မှူး ဗန်ပါစီတောင်းဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
488752096
ယူရိုပါလိဂ်ပွဲစဉ်တွင်တွေ့ရသည့် ဗန်ပါစီ

တူရကီထိပ်သီးဖီနာဘာချီတိုက်စစ်မှူး ဗန်ပါစီက ဖီနာဘာချီအသင်းအတွက် ပွဲချိန်ပြည့်ပါဝင်ကစားလိုကြောင်း၊ အရန်ကစားသမားအဖြစ် မရပ်တည်လိုကြောင်း နည်းပြထံတောင်းဆိုမှုများပြုလုပ်ခဲ့သည်။

ပရီးမီးယားလိဂ်ကလပ်မန်ယူအသင်းမှ ပြောင်းရွှေ့လာခဲ့သည့် တိုက်စစ်မှူး ဗန်ပါစီသည် တူရကီလိဂ်ပွဲစဉ် ၅ ပွဲကစားပြီးချိန်၌ ဖီနာဘာချီအသင်းအတွက် နှစ်ဂိုးသွင်းယူပေးထားနိုင်ခဲ့သော်လည်း အဆိုပါပွဲစဉ် ၅ ပွဲတွင် ၃ ပွဲသာ ပွဲထွက်ကစားခွင့်ရရှိထားခဲ့သူဖြစ်သည်။

“အရိုးသားဆုံးဝန်ခံရရင် အရန်ကစားသမားအဖြစ် ကစားရတာကို မနှစ်သက်ပါဘူး။ အသက်အရွယ်အရ ဝေဖန်နေကြပေမယ့် ပွဲချိန်ပြည့်ကစားဖို့ လုံလောက်တဲ့ကြံ့ခိုင်မှုရှိနေပါသေးတယ်။ အရန်ခုံကနေ၀င်ကစားနေရမယ့်အစား အသင်းအတွက် မိနစ် ၉၀ ပြည့် ပေးဆပ်ကစားချင်ပါတယ်” ဟု တိုက်စစ်မှူး ဗန်ပါစီက ဆိုခဲ့သည်။

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်သည့် ဟော်လန်တိုက်စစ်မှူး ဗန်ပါစီအနေဖြင့် ဖီနာဘာချီကစားသမားအဖြစ် ပြိုင်ပွဲစုံ ၉ ပွဲ ကစားပေးခဲ့ရာမှ ၃ ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့သည်။ ထို့ပြင် ၎င်းအနေဖြင့် ပြီးခဲ့သည့် တူရကီစူပါလိဂ်ပွဲစဉ်-၅ အဖြစ် ဘာဆာစပါးအသင်းနှင့်ပွဲစဉ်တွင် လူစားဝင်ကစားခွင့်ရရှိခဲ့ပြီးနောက် အသင်းအတွက် အရေးပါသည့် အနိုင်ဂိုးအား သွင်းယူပေးနိုင်ခဲ့သည်။

comments

error: Content is protected !!