ပရီးမီးယားလိဂ်ချန်ပီယံဆုကို မန်ယူစိန်ခေါ်နိုင်ပြီဟု ဗန်ဟားလ် ကြေညာ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
<> at Aon Training Complex on September 21, 2015 in Manchester, England.
MU Foundation Dream Day အစီအစဉ်တွင်တွေ့ရသည့် ဗန်ဟားလ်

မန်ယူနည်းပြဗန်ဟားလ်က ဆောက်သမ်တန်နှင့်ကစားခဲ့သည့်အဝေးကွင်းပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန် စိန်ခေါ်နိုင်ပြီဟု ကြေညာသွားခဲ့သည်။

ပြီးခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် ၆ တွင် မန်ယူအဝေးကွင်းနိုင်ပွဲရသော်လည်း မြို့ခံပြိုင်ဘက်မန်စီးတီးမှာ ၀က်စ်ဟမ်းကို၂-၁ ဂိုးဖြင့်အရေးနိမ့်ခဲ့သောကြောင့် အမှတ်ပေးဇယားရပ်တည်မှု၌ ၂ မှတ်သာကွာဟတော့သဖြင့် မန်ယူနည်းပြဗန်ဟားလ်က ယခုကဲ့သို့ကြုံးဝါးသွားခဲ့ခြင်းလည်းဖြစ်သည်။

ဗန်ဟားလ်က ”ကျွန်တော့်ဘက်ကကြေညာစရာရှိတယ်။ အဲဒါကတော့ အခုနှစ်ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်ပြီဆိုတာပါပဲ။ ပြုပြင်ပြောင်းလဲနေချိန်မှာတော့ အောင်မြင်မှုရဖို့မမျှော်လင့်နိုင်ပါဘူး။ ဒါပေမဲ့ အခုအချိန်မှာတော့ ကျွန်တော်တို့ရယူဖို့ လက်လှမ်းမီလာပါပြီ”ဟု ပြောကြားသွားခဲ့သည်။

ထို့အပြင် အဆိုပါနည်းပြက ယခုနှစ်တွင် မိုနာကိုအသင်းမှာ ပေါင် ၃၆ သန်းဖြင့်ပြောင်းရွှေ့ရောက်ရှိလာသော တိုက်စစ်မှူးမာရှယ်မှာ ပွဲထွက်ခွင့်ရသည့် ပရီးမီးယားလိဂ် ၂ ပွဲတွင် ၃ ဂိုးသွင်းယူနိုင်သောကြောင့် ၎င်း၏ခြေစွမ်းအပေါ် ”သူအကောင်းဆုံးလုပ်ဆောင်သွားခဲ့ပါတယ်။ ၃ပွဲမှာ ၃ ဂိုးသွင်းယူနိုင်ခဲ့တာပါ။ အသက် ၁၉ နှစ်မှာ သူ့ခြေစွမ်းတစ်သမတ်တည်းဖြစ်ဖို့ မမျှော်လင့်နိုင်ပါဘူး။ ဒါကြောင့် စိတ်ခံစားမှုကလည်း အတက်အကျမြန်ဆန်နိုင်တယ်။ ကျွန်တော့်ဘက်ကတော့ သူ့အပေါ်မျှော်လင့်ချက်တွေထားတယ်။ ဒါကလည်း ကျွန်တော့်အတွက် ပြဿနာမဖြစ်နိုင်ဘူး။ နည်းစနစ်ပိုင်းမှာ သူဘယ်လိုကစားရမလဲဆိုတာကို လိုက်ဖက်အောင် ပြင်ဆင်တတ်တယ်။ ဒါအရေးကြီးတဲ့အချက်ပဲ။ ဒီလိုမျိုးကစားသမားတိုင်းမလုပ်နိုင်ဘူး။ ဒါပေမဲ့ သူက ဘာလုပ်ချင်တယ်ဆိုတာကို ပြသနိုင်စွမ်းရှိတယ်။ သူဂိုးတွေသွင်းယူပေးတယ်။ သူ့မှာ ပင်ကိုအရည်အချင်းရှိလို့ တိုးတက်ကောင်းမွန်အောင် လုပ်နိုင်မယ်လို့ ကျွန်တော်ထင်တယ်”ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!