Capital One ဖလားပွဲတွင် တယ်ရီပြန်ပါမည်ဟု ချဲလ်ဆီးနည်းပြဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
484999886
ဝက်စ်ဘရွန်းနှင့် ပရီးမီယားလိဂ်ပွဲစဉ်မကစားမီတွေ့ရသည့် ဂျွန်တယ်ရီ

ချဲလ်ဆီးနည်းပြမော်ရင်ညိုက၀ယ်လ်ဆယ်နှင့်ကစားမည့်CapitalOneဖလားပြိုင်ပွဲတတိယအဆင့်တွင်အသင်းခေါင်းဆောင် တယ်ရီ ပြန်လည်ပါဝင်မည်ဟု အခိုင်အမာပြောကြားသွားခဲ့သည်။

တယ်ရီမှာ ချန်ပီယံလိဂ်အဖွင့်ပွဲအဖြစ် မက္ကာဘီတဲလ်အဗစ်နှင့်ကစားခဲ့သည့်ပွဲအပါအ၀င် ပြီးခဲ့သည့်စနေနေ့က လန်ဒန်ဒါဘီပွဲစဉ်အဖြစ် အာဆင်နယ်ကိုရင်ဆိုင်ခဲ့သည့်ပွဲများတွင် ပါဝင်ခဲ့ခြင်းမရှိပေ။

အဆိုပါနောက်ခံလူမှာ ပြီးခဲ့သည့်ဘောလုံးရာသီတွင် ချဲလ်ဆီးအသင်းနှင့်အတူ ပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့သော်လည်း ယခုနှစ်တွင်  ခြေစွမ်းကျဆင်းမှုကိုအဆုံးသတ်ပြီး ပုံမှန်ခြေစွမ်းရရှိရန်ကြိုးပမ်းရမည့်အချိန်သို့ ဆိုက်ရောက်နေသည်။

ဝယ်လ်ဆယ်နှင့်ကစားမည့်ပွဲတွင် တိုက်စစ်နေရာ၌ ဒီယေဂိုကော်စတာကို အရန်စာရင်းတွင်သာထည့်သွင်း၍ ဖယ်လ်ကာအိုကို ပွဲထွက်ကစားစေမည်ဟု မော်ရင်ညိုက ပြောကြားခဲ့သည်။

မော်ရင်ညိုက ”ဟုတ်ပါတယ်။ ဖယ်လ်ကာအိုကိုထည့်သွင်းပြီး ကော်စတာကတော့ အရန်ခုံမှာရှိနေပါလိမ့်မယ်။ တယ်ရီလည်း ပြန်လည်ပါဝင်လာမှာပါ”ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!