လီဗာပူးနိုင်ပွဲမရခဲ့ခြင်းမှာ မိမိ၏ အမှားကြောင့်ဖြစ်သည်ဟု မီနိုလတ်ဝန်ခံ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
489297550
နောဝစ်ခ်ျနှင့်ပွဲမတိုင်မီ သွေးပူလေ့ကျင့်ခန်းပြုလုပ်နေသည့် မီနိုလတ်

နောဝစ်ခ်ျနှင့်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဒန်ဒီအင့်စ်၏ သွင်းဂိုးဖြင့် လီဗာပူးအသင်းဦးဆောင်ဂိုးရရှိခဲ့သော်လည်း ထောင့်ကန်ဘောမှတစ်ဆင့် ချေပဂိုးပြန်ပေးခဲ့ရသည့်အပေါ် ဂိုးသမားမီနိုလတ်က မိမိ၏အမှားဖြစ်သည်ဟု ၀န်ခံခဲ့သည်။

အဆိုပါပွဲတွင် လီဗာပူးအသင်းမှာ ဂိုးရရှိရန်အခွင့်အရေးများစွာဖန်တီးနိုင်ခဲ့သော်လည်း နောဝစ်ခ်ျနောက်ခံလူမာတင်၏သွင်းဂိုးဖြင့် ချေပဂိုးပေးခဲ့ရပြီးနောက် ပွဲပြီးဆုံးချိန်အထိ အနိုင်ဂိုးထပ်မံမရရှိခဲ့သောကြောင့် သရေပွဲဖြစ်ခဲ့ရသည်။

ထိုပွဲနှင့်ပတ်သက်၍ လီဗာပူးဂိုးသမားမီနိုလတ်က ”မထင်ထားတဲ့အနေအထားကနေဂိုးပေးလိုက်ရတာဟာ စိတ်ပျက်စရာပါပဲ။ ကျွန်တော်တို့ခံစစ်ကောင်းအောင် ကြိုးပမ်းကစားခဲ့ကြတာပါ။ ဒီဂိုးရသွားလို့ သူတို့စိတ်လှုပ်ရှားမယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ လျင်မြန်တဲ့ဘောလုံးကို လက်သီးနဲ့တွန်းထုတ်ဖို့ကြိုးစားခဲ့ပြီး အဲဒီဘောလုံးက ပြန်ကျချိန်မှာ ထပ်ဆင့်ကန်ချက်နဲ့ဂိုးပေးလိုက်ရပါတယ်။ နောက်တစ်ကြိမ်ဒီလိုမျိုးထပ်ကြုံတော့ ကျွန်တော်တည်တည်ငြိမ်ငြိမ်နဲ့ ဖမ်းယူနိုင်ခဲ့ပါတယ်။ ဒုတိယသွင်းဂိုးရဖို့ကြိုးစားရင်းနဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။ အခုပွဲမှာ ကျွန်တော်တို့ကံမကောင်းခဲ့ပေမယ့် သင်ခန်းစာအများကြီးရခဲ့ပါတယ်”ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!