ဂျာဂျယ်ကာနှင့် ဂျွန်စတုန်းတို့ကို ပရီးမီးယားလိဂ်အကောင်းဆုံးခံစစ်အတွဲဟု မာတီနက်ဇ် ချီးကျူး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
487540560
လေ့ကျင့်ရေးကွင်းတွင်တွေ့ရသည့် မာတီနက်ဇ်

အဲဗာတန်နည်းပြမာတီနက်ဇ်က အသင်း၏ ဗဟိုခံစစ်အတွဲဖြစ်သော ဂျာဂျယ်ကာနှင့် ဂျွန်စတုန်းတို့မှာ ပရီးမီးယားလိဂ်တွင်အကောင်းဆုံးခံစစ်အတွဲဖြစ်ကြောင်း ချီးကျူးပြောကြားသွားခဲ့သည်။

ဂျာဂျယ်ကာနှင့် ဂျွန်စတုန်းတို့သည် ယခုနှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဆွမ်ဆီးနှင့်ကစားခဲ့သည့် ဂိုးမရှိသရေရလဒ်ပွဲစဉ်အပါအ၀င် အဲဗာတန်အသင်း ၆ ပွဲကစားပြီးချိန်၌ ၃ ပွဲပေးဂိုးမရှိအောင်စွမ်းဆောင်ပေးထားသူများဖြစ်သောကြောင့် မာတီနက်ဇ်က ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

မာတီနက်ဇ်က ”ပရီးမီးယားလိဂ်ခံစစ်အတွဲတွေထဲမှာ သူတို့နှစ်ယောက်ထက် ကောင်းတဲ့သူရှိမယ်မထင်ဘူး။ ဂျွန်စတုန်းဆိုရင် ရင့်ကျက်မှုအပြည့်နဲ့ယှဉ်ပြိုင်သွားတာပါ။ သူအခုလိုကစားနိုင်ခဲ့တာကလည်း ဂျာဂျယ်ကာကြောင့်ပါ။ သူတို့နှစ်ယောက်လုံး ပိုမိုကောင်းမွန်လာသလို ဂျွန်စတုန်းအတွက်လည်း အခြေအနေအရပ်ရပ်ကို ဘယ်လိုသုံးသပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး လေ့လာခွင့်ပိုမိုရရှိခဲ့ပါတယ်”ဟု ပြောကြားသွားခဲ့သည်။

အဲဗာတန်အသင်းမှာ ယခုနှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရှုံးပွဲ ၁ ပွဲသာကြုံတွေ့ထားပြီး စုစုပေါင်းပေးဂိုး ၅ ဂိုးဖြင့် အမှတ်ပေး ဇယားအဆင့် ၆ နေရာတွင် ရပ်တည်နေသည်။

comments

error: Content is protected !!