မာဆေးပရိသတ်များ၏ လုပ်ရပ်မှာ နိုင်ငံ့အတွက် လက်မခံနိုင်သည့် လုပ်ရပ်ဖြစ်ကြောင်း ပြင်သစ်အားကစားဝန်ကြီး မှတ်ချက်ပြု

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
Crowd-trouble-at-Marseille-2015_3353996.jpg 20150920230840
ဆိုးသွမ်းပရိသတ်များကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကွင်းတွင်းဝင်ရောက်ထိန်းသိမ်းစဉ်

ပြင်သစ်လီဂူးပွဲစဉ်အဖြစ် မာဆေးနှင့်လိုင်ယွန်ပွဲစဉ်တွင် ကွင်းအတွင်းသို့အရာဝတ္ထုများဖြင့် ပစ်ပေါက်ခဲ့သည့် မာဆေးပရိသတ်များ၏ လုပ်ရပ်မှာ လက်သင့်မခံနိုင်သည့် အပြုအမူများဖြစ်ကြောင်း၊ ယူရို-၂၀၁၆ ပြိုင်ပွဲကျင်းပမည့်နိုင်ငံအတွက် အရှက်ရဖွယ်လုပ်ရပ်များဖြစ်ကြောင်း ပြင်သစ်အားကစားဝန်ကြီး သီယာရီဘီယာလက်ဒ်က မှတ်ချက်ပြုပြောကြားခဲ့သည်။

အဆိုပါပွဲစဉ်တွင် မာဆေးဆိုးသွမ်းပရိသတ်အချို့သည် ပြိုင်ဘက်လိုင်ယွန်အသင်းထံပြောင်းရွှေ့ခဲ့သည့်ကစားသမားဟောင်းဖြစ်သူ ဗယ်ဘူနာအား ဦးတည်ဝေဖန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ပုံတူအရုပ်နှင့်အတူ ဆိုးရွားစွာအားပေးခဲ့သည့်အပြင် ကွင်းအတွင်းသို့ အရာဝတ္ထုများဖြင့်ပစ်ပေါက်ခဲ့ကြသည်။

မာဆေးကစားသမားဟောင်းဖြစ်သူ ဗယ်ဘူနာသည် ပြီးခဲ့သည့်နှစ်အပြောင်းအရွှေ့တွင် ရုရှားကလပ်ဒိုင်နမိုမော်စကိုအသင်းထံပြောင်းရွှေ့ခဲ့ပြီးနောက် လိုင်ယွန်အသင်းသို့ ပြန်လည်ပြောင်းရွှေ့ခဲ့သဖြင့် မာဆေးပရိသတ်များ၏ ရိုင်းစိုင်းသည့်အပြုအမူနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

“ဥရောပဖလားပြိုင်ပွဲလက်ခံကျင်းပဖို့ နီးကပ်လာချိန်မှာ ဒီလိုအခြေအနေမျိုးဖြစ်လာတာကို လုံးဝလက်ခံမှာမဟုတ်ပါဘူး။ မာဆေးဆိုတာက ပြင်သစ်နိုင်ငံရဲ့ ဘောလုံးမြို့တော်လို့ပြောလို့ရပါတယ်။ ကွင်းတာဝန်ရှိသူတွေအနေနဲ့ လုံခြုံရေးကို ပိုမိုတင်းကျပ်သင့်ပါပြီ” ဟု ပြင်သစ်အားကစားဝန်ကြီး သီယာရီဘီယာလက်ဒ်က မှတ်ချက်ပြုပြောကြားခဲ့သည်။

ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌအနေဖြင့် အဆိုပါဖြစ်ရပ်ကြောင့် အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ပြီး မာဆေးအသင်းအပေါ်သတိပေးမှုများလည်းပြုလုပ်ခဲ့သည်။ ပြင်သစ်မီဒီယာများ၏ဖော်ပြချက်တွင်မူ မာဆေးအသင်းအနေဖြင့် ကွင်းပိတ်ပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိနေကြောင်း သိရသည်။

comments

error: Content is protected !!