ချန်ပီယံဆုရရှိရန်အတွက် ၂၀၁၃-၁၄ ရာသီကဲ့သို့ မဖြစ်ရန်လိုအပ်ဟု အင်တာမီလန်နည်းပြဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
486287426
မယ်လို(၀ဲ)အား စာချုပ်ချုပ်ဆိုစဉ်က မန်စီနီနှင့်အတူတွေ့ရစဉ်

အီတလီစီးရီးအေပွဲစဉ်-၄ အပြီးတွင် အမှတ်ပေးဇယားအားဦးဆောင်နေသည့် အင်တာမီလန်အသင်းနည်းပြ မန်စီနီက ချန်ပီယံဆုအတွက် အာရုံပိုစိုက်ရန် အသင်းဖော်များကို တိုက်တွန်းခဲ့သည့်ကွင်းလယ်လူမယ်လို၏ တိုက်တွန်းချက်မှာ မှန်ကန်ကြောင်း၊ ၂၀၁၃-၁၄ ဘောလုံးရာသီတွင် ရိုးမားအသင်း ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်မျိုးနှင့် ရင်မဆိုင်ရရန်အတွက် ပိုမိုအာရုံစိုက်ရမည်ဖြစ်ကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်။

စီးရီးအေထိပ်သီးအသင်းတစ်သင်းဖြစ်သည့် ရိုးမားအသင်းသည် ၂၀၁၃-၁၄ ဘောလုံးရာသီတွင် ရာသီအစပွဲစဉ် ၁၀ ပွဲဆက်တိုက် အနိုင်ရရှိခဲ့သော်လည်း ရာသီကုန်ဆုံးချိန်တွင် ချန်ပီယံဖြစ်ခဲ့သည့် ဂျူဗင်တပ်အသင်း၏ နောက် ၁၇ မှတ်အကွာ ဒုတိယနေရာတွင်သာ ရပ်တည်နိုင်ခဲ့သည့်အပေါ် နည်းပြမန်စီနီက သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

“စကူဒက်တိုချန်ပီယံဆုနဲ့ပတ်သက်ပြီး မယ်လိုရဲ့သတိပေးမှုက တကယ့်ကိုအကျိုးရှိတဲ့ အကြံပြုမှုတစ်ခုပါ။ လက်ရှိအချိန်မှာ အမှတ်ပေးဇယားကို ဦးဆောင်နေသလို ရာသီကုန်ဆုံးချိန်အထိလည်း ဆက်ပြီးဦးဆောင်နိုင်ဖို့လိုပါတယ်။ ရိုးမားအသင်းကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေကို သင်ခန်းစာယူပြီး ချန်ပီယံဆုအတွက် ပိုပြီးအာရုံစိုက်ရမှာပါ ” ဟု အင်တာမီလန်နည်းပြ မန်စီနီက ဆိုခဲ့သည်။

အင်တာမီလန်ကွင်းလယ်ကစားသမားဖြစ်သူ မယ်လိုအနေဖြင့် ချီယေဗိုအသင်းအား အနိုင်ရရှိခဲ့သည့် ပွဲစဉ်အပြီးတွင် အသင်းဖော်များအနေဖြင့် ချန်ပီယံဆုအတွက် ဆက်လက်အာရုံစိုက်ရန်လိုအပ်ကြောင်း၊ ရှုံးပွဲမရှိကစားနိုင်ထားသည့်အပေါ် သာယာမနေသင့်ကြောင်း အသင်းဖော်များအား သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

comments

error: Content is protected !!