နာပိုလီအား ဂိုးပြတ်အရေးနိမ့်ခဲ့မှုအပေါ် လာဇီယိုပရိသတ်များ ကန့်ကွက်ဆန္ဒပြခဲ့

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
489355042
နာပိုလီအားဂိုးများပေးလိုက်ရပြီးနောက် စိတ်ပျက်နေသည့် လာဇီယိုအသင်းသားများ(ဂျာစီအနက်)

လာဇီယိုအသင်းပရိသတ်များသည် အီတလီစီးရီးအေပွဲစဉ် ၄ အဖြစ် နာပိုလီအသင်းနှင့်ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်တွင် ၅ ဂိုးပြတ်အရေးနိမ့်ခဲ့ပြီးနောက် အရှက်ရဖွယ်ရလဒ်တစ်ခုဖြစ်ကြောင်း ဝေဖန်ပြစ်တင်ခဲ့ကြပြီး အသင်းလေ့ကျင့်ရေးကွင်းရှေ့တွင် ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့သည်။

စီးရီးအေပွဲစဉ် ၂ တွင် ချီယေဗိုအသင်းအား ၄ ဂိုးပြတ်အရေးနိမ့်ခဲ့ပြီးနောက် နာပိုလီအသင်းအား ၅ ဂိုးပြတ်ထပ်မံအရေးနိမ့်ခဲ့သဖြင့် လာဇီယိုပရိသတ်များအနေဖြင့် နည်းပြပါအိုလီအား ဆက်လက်ခန့်အပ်ထားမှုအပေါ် ဝေဖန်မှုများမြင့်တက်လာခဲ့သည်။

အီတလီမီဒီယာများ၏ဖော်ပြချက်အရ ရာဂဏန်းခန့်ရှိသောဒေါသထွက်နေသည့်လာဇီယိုပရိသတ်များသည် အသင်းလေ့ကျင့်ရေးကွင်းရှေ့တံတိုင်းတွင် ပွဲထွက်ကစားသမား ၁၁ ဦးအစား ရှက်မိကြောင်း၊ အသင်းအတွက် ပေးဆပ်လိုခြင်းမရှိသည့်သူများဖြစ်ကြောင်း၊ ခြေထောက်မပါသည့် ဘောလုံးသမားများအစရှိသဖြင့် စာသားများ ရေးသားခဲ့ကြကြောင်း သိရသည်။

လာဇီယိုအသင်းအနေဖြင့်အဆိုပါဖြစ်ရပ်အတွက် တစ်စုံတရာတုံ့ပြန်ခဲ့ခြင်းမရှိခဲ့ဘဲ ပရိသတ်များအတွက် ရလဒ်ကောင်းများရရှိရန် ပြန်လည်ပြင်ဆင်သွားမည်ဖြစ်ကြောင်း၊ နည်းပြပါအိုလီအပေါ်တွင် လည်း ယုံကြည်မှုပေးရန်လိုအပ်ကြောင်း အသင်းပိုင်ဝက်ဘ်ဆိုက်မှတဆင့် ပြန်လည်တုံ့ပြန်ခဲ့ကြောင်း မီဒီယာများမှဖော်ပြခဲ့ကြသည်။

comments

error: Content is protected !!