ဘွန်ဒက်စ်လီဂါတွင် ရာနှုန်ပြည့်ရှုံးပွဲကြုံပြီးနောက် ဂလာဘတ်နည်းပြရာထူးမှ ဖေဗရီနုတ်ထွက်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
mo
ကိုလုံးနှင့်ကစားခဲ့သည့်ပွဲတွင် နောက်ဆုံးကိုင်တွယ်ခဲ့သည့် နည်းပြဖေဗရီ

ယခုနှစ်ဘောလုံးရာသီတွင် ဘွန်ဒက်စ်လီဂါ၌ ရလဒ်ဆိုးများနှင့်ကြုံတွေပြီး ရာနှုန်းပြည့်ရှုံးပွဲကြုံတွေ့နေသော ဂလာဘတ်အသင်း၏ နည်းပြဖေဗရီမှာ ရာထူးမှနုတ်ထွက်သွားခဲ့ကြောင်း သိရှိရသည်။

ဖေဗရီ၏နုတ်ထွက်စာတွင်”သေချာစဉ်းစားလိုက်တဲ့အချိန်မှာ အခုအခြေအနေက အရမ်းအရေးကြီးနေပါပြီ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ဂလာဘတ်နည်းပြရာထူးကနေနုတ်ထွက်ဖို့အခြေအနေက အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်မယ်လို့ တွေးမိပါတယ်”ဟု ရေးသားသွားခဲ့သည်။

ပြီးခဲ့သည့် ၄ နှစ်တာကာလတွင် ဂလာဘတ်အသင်းမှာ ဥရောပပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သော်လည်း ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲအဖြစ် ဆီဗီလာနှင့်ကစားခဲ့ရာတွင် ရှုံးပွဲကြုံခဲ့ပြီး ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားတွင်လည်း အောက်ဆုံးရောက်ရှိနေခဲ့သည်။

ထို့ကြောင့် နည်းပြဖေဗရီက အသင်းမှနုတ်ထွက်ရန်ဆုံးဖြတ်ခဲ့ပြီး ၎င်း၏နုတ်ထွက်စာနှင့်ပတ်သက်၍ ဂလာဘတ်အသင်းဒုဥက္ကဋ္ဌရေနာဘွန်ဟော့က ”ကျွန်တော်တို့ လက်တွဲခဲ့တဲ့အချိန်တွေဟာ တကယ့်ကိုပြည့်စုံခဲ့ပါတယ်။ ဒီကိစ္စကို သေသေချာချာဆုံးဖြတ်ခဲ့ရတာပါ။ သူ့ရဲ့နုတ်ထွက်စာကို လက်ခံရရှိတဲ့အချိန်မှာ တကယ်ကိုစိတ်မကောင်းဖြစ်မိပါတယ်။ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အတူတကွလက်တွဲပြီး အကောင်းဆုံးတွေ လုပ်နိုင်ခဲ့လို့ပါ”ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!