အလျင်အမြန်အထိုင်ကျခဲ့သောကြောင့် ယုံကြည်မှုမြင့်မားလာသည်ဟု ဒီဘရူနီ ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
489132132
ဝက်စ်ဟမ်းဘက်သို့ ဂိုးသွင်းယူပြီးအောင်ပွဲခံနေသည့် ဒီဘရူနီ

မန်စီးတီးအသင်းက စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူထားသော ကွင်းလယ်လူဒီဘရူနီက ၀က်စ်ဟမ်းကို ၂-၁ ဂိုးဖြင့် အရေးနိမ့်ခဲ့သော်လည်း အဆိုပါပွဲတွင် ပြသနိုင်ခဲ့သည့် ၎င်း၏ ခြေစွမ်းမှာ အသင်းအတွက် အထောက်အပံ့ဖြစ်ခဲ့သည့်အတွက် ယုံကြည်မှုပိုရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

မန်စီးတီးအသင်းမှာ ၀က်စ်ဟမ်းကိုအရေးနိမ့်ခဲ့သဖြင့် ယခုနှစ်ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်ရာနှုန်းပြည့်နိုင်ပွဲရစံချိန်ပျက်ခဲ့ရပြီး အမှတ်ပေးဇယား၌ ဒုတိယနေရာမှ မြို့ခံပြိုင်ဘက်မန်ယူနှင့် ရမှတ် ၂ မှတ်သာကွာဟသည့် အခြေအနေသို့ရောက်ရှိခဲ့သည်။

ဝက်စ်ဟမ်းမှာ ယခုနှစ်ဘောလုံးရာသီတွင် မန်စီးတီးဘက်သို့ မော့ဆက်၊ ဆာခိုတို့၏သွင်းဂိုးများဖြင့် ပထမဆုံးဂိုးသွင်းယူနိုင်သည့်အသင်းဖြစ်ခဲ့ပြီး ၀ုဖ်ဘတ်မှ ပေါင် ၅၅ သန်းဖြင့်ရောက်ရှိလာသော ကွင်းလယ်လူဒီဘရူနီက ချေပဂိုး ၁ ဂိုးပြန်လည်သွင်းယူပေးနိုင်ခဲ့သည်။

မန်စီးတီးကစားသမားဘ၀ ပထမဆုံးဂိုးသွင်းယူပေးနိုင်ခဲ့သည့် ဒီဘရူနီက”ကစားသမားကောင်းတွေနဲ့အတူတူ ကစားရမယ်ဆိုရင် ကျွန်တော်ခြေစွမ်းကောင်းအောင်ကစားနိုင်ပါတယ်။ ဒီအသင်းမှာ ကစားသမားကောင်းတွေအများကြီးပါပဲ။ အသင်းကြီးတစ်သင်းနဲ့ကစားရလို့ ကျွန်တော်အတွက် ဘောလုံးပိုင်ဆိုင်ခွင့်ပိုမိုရရှိခဲ့ပြီး အချိတ်အဆက်မိအောင်ကစားနိုင်ခဲ့တာပါ။ ဒါကြောင့် ကျွန်တော့်အတွက် ဘာဖိအားမှမရှိခဲ့ပါဘူး။ ကျွန်တော်ပွဲတိုင်းကို ကြိုးစားပြီးယှဉ်ပြိုင်မှာပါ”ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!